27. Happy Ever After (Final)

601 57 47
                                    

(Unicode)

ဆရာဝန်တွေကတော့ ယွန်းဂီနဲ့ဂျီမင်းကို ဆေးရုံမှာအိမ်လုပ်နေကြသူတွေလို့ ခေါ်ကြတယ်...။ ဟုတ်တယ်လေ...ယွန်းဂီ အက်ဆီးဒင့်ဖြစ်ကတည်းက ဆေးရုံမှာလာနေကြတာ ခုထက်ထိပါပဲ...။

သူတို့နေတဲ့ဆေးရုံရဲ့ VIP အခန်းက လူနေအိမ်တစ်ခုအလား ပစ္စည်းအစုံအလင်ရှိနေတယ်...။ ဒါကြောင့် သက်တောင့်သက်သာရှ်ိလှပြီး ဂျီမင်းအတွက်ရော ယွန်းဂီအတွက်ရော အဆင်ပြေတယ်လေ...။

ခုဆိုရင်ယွန်းဂီရဲ့ခြေထောက်တွေက လမ်းလျှောက်လို့ရပြီဆိုပေမယ့် ဆေးရုံမဆင်းသေးဘဲ မွေးခါနီးလူနာဖြစ်တဲ့ဂျီမင်းအတွက် အဆင်ပြေစေရန် ဒီမှာပဲဆက်နေလိုက်တယ်...။ ဂျီမင်းကလေးမွေးပြီးမှ ဆေးရုံဆင်းကြမယ်လို့လည်း တိုင်ပင်ထားကြတယ်...။

ဂျီမင်းက သူတစ်ယောက်တည်းရပ်တည်နေတုန်းကတော့ စိတ်ဓာတ်လည်းမာကြောပြီး ယွန်းဂီကိုပြုစုဖို့ပါ မလစ်ဟင်းခဲ့ပေမယ့် ခုကျတော့ အားကိုးရသွားပြီမို့ အတိုးချပြီးတော့ကို ချွဲတော့တာပါပဲ...။

"ဒယ်ဒီ...မင်နီ့ခြေထောက်လေးတွေ ယောင်နေပြန်ပြီ"

"ဟုတ်ပါရဲ့... လာ ထိုင်နေဘေဘီ... လမ်းမလျှောက်နဲ့တော့... ကိုယ်ဆီလူးပြီးတော့နှိပ်ပေးမယ်နော်"

ဂျီမင်းရဲ့ခြေထောက်လေးတွေ လက်လေးတွေက ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ယောင်ကိုင်းလာတော့တာပဲ...။ ယွန်းဂီမှာလည်း နဂိုတည်းက သူ့ကလေးကိုအထိခိုက်မခံနိုင်လို့ ကိုယ်ဝန်မယူစေချင်ရာကနေ ရလာတော့လည်း နှစ်ယောက်ဆိုတော့ ပျာပျာသလဲဂရုစိုက်ရတော့တယ်...။

အလုပ်သမားတွေကိုခေါ်ထားပြီး တောက်တိုမယ်ရခိုင်းလို့ရပေမယ့် ဂျီမင်းကိုယ်တိုင်တောင် သူကိုမာဝင်နေတုန်းက တစ်ယောက်တည်းပြုစုလာတာမို့ သူ့အလှည့်ကျတော့လည်း ကိုယ်တိုင်ပဲပြုစုချင်တယ်လေ...။

ဆေးရုံခန်းထဲမှာ ချက်ပြုတ်စားသောက်ဖို့ပါ လုပ်ထားပေးတာကြောင့် တစ်ခါတလေဂျီမင်းစားချင်တာရှိရင် အိမ်ကိုမှာမနေတော့ဘဲ ယွန်းဂီကပဲ ချက်ပေးလိုက်တယ်...။ ဒီမီးဖိုခန်းဆိုတာလည်း ယွန်းဂီသတိရလာပြီးမှ ဆေးရုံအုပ်ကြီးကိုတောင်းဆိုပြီး VIP အခန်းထဲမှာ ချက်ချင်းထည့်ပေးစေခြင်းပင်...။

You're My Destiny (Completed)Donde viven las historias. Descúbrelo ahora