(Unicode)
ဂျီမင်းသတိရလာတော့ အရင်ဆုံးမြင်ရတာက မျက်နှာကျက်အဖြူရောင်ကြီး...။ နှာခေါင်းဝကိုတိုးဝင်လာတဲ့ ပိုးသတ်ဆေးနံ့တို့ကြောင့် သူရောက်နေတာက ဆေးရုံတစ်ခုမှာဆိုတာ သတိထားမိသွားတော့တယ်...။
"ဂျီမင်း သတိရပြီလား... ခဏလေးနော်... ဒေါက်တာကိုခေါ်လိုက်မယ်"
အခန်းပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ သူအရမ်းတွေ့ချင်တဲ့ဒယ်ဒီကို မတွေ့ရဘဲနဲ့ သူ့ဘေးမှာစောင့်ပေးနေတဲ့ ဒယ်ဒီ့ရဲ့လူယုံတစ်ယောက်ဖြစ်တဲ့ မိုက်ခ်ကိုပဲ တွေ့လိုက်ရတယ်...။
"အန်ကယ်မိုက်ခ်... ဒယ်ဒီရောဟင်...??"
"ဘော့စ်ရှိပါတယ်... မစိုးရိမ်နဲ့နော်... ဂျီမင်းကသာ ကိုယ့်ကိုကိုယ်ကျန်းမာအောင်နေပါ"
အတင်းလူးလဲထဖို့ကြိုးစားတဲ့ဂျီမင်းကို မိုက်ခ်က အသာထိန်းထားပေးရင်း ပြောလာခြင်းပင်...။ ဂျီမင်း မယုံပါ...။ ဒယ်ဒီသာရှိရင် ဂျီမင်းရဲ့ဘေးမှာ တစ်ချိန်လုံးစောင့်ကြည့်နေပေးမှာကို...။
အက်ဆီးဒင့်ဖြစ်တုန်းက ဂျီမင်းကိုအုပ်မိုးကာကွယ်ပေးခဲ့တဲ့ ဒယ်ဒီဟာ သေချာပေါက်ဒဏ်ရာရမှာပင်...။ ဂျီမင်းကတော့ နဖူးထက်မှာ နည်းနည်းထိခိုက်သွားတာကလွဲပြီး ဘာမှဒဏ်ရာကြီးကြီးမားမား ရရှိမနေပါ...။
တာဝန်ကျဆရာဝန်ကလည်း ချက်ချင်းရောက်လာခဲ့ပြီး ဂျီမင်းကို စစ်ဆေးမှုတွေလုပ်ပေးတယ်...။ ဂျီမင်းကတော့ ယွန်းဂီကိုမမြင်ရမချင်း စိတ်မအေးနိုင်ပေ...။
"သွေးပေါင်ချိန်ရော နှလုံးခုန်နှုန်းတွေရော ပုံမှန်ပါပဲ... ရုတ်တရုတ်ဖြစ်သွားတဲ့အခြေအနေမှာ လန့်သွားတာကလွဲပြီး ဘာမှကြီးကြီးမားမားမထိခိုက်ထားပါဘူး... လူကြီးရော ကလေးရော အဆင်ပြေပါတယ်"
ဆရာဝန်ရဲ့နောက်ဆုံးစကားကြောင့် ဂျီမင်းအံ့ဩသွားရတယ်...။ သူနားကြားမှားတာလား...?? ကလေးလို့ပြောလိုက်တာက ဘာသဘောလဲ...?? ဂျီမင်းမနေနိုင်ဘဲ ထုတ်မေးရတော့တယ်...။
"ကလေးဟုတ်လား ဒေါက်တာ...?? အဲ့ဒါဘာလဲဟင်...??"
"လူနာက မသိသေးဘူးထင်တယ်... အခုလူနာ့ဆီမှာ ကိုယ်ဝန်ရှိနေတာပဲ... ခန့်မှန်းချက်အရကတော့ ၂လသားလောက်ဖြစ်နေပါပြီ"

YOU ARE READING
You're My Destiny (Completed)
Fanfictionငါကိုယ်တိုင်ဖန်တီးခဲ့တဲ့ ငါ့ရဲ့ကံကြမ္မာလေး~ Min Yoongi x Park Jimin