7. Pure Love

452 58 36
                                    

(Unicode)

ရုပ်ပျက်ဆင်းပျက်နဲ့ လူရုပ်ပင်မပေါက်တော့တဲ့သူတွေက ဂျီမင်းဆီကို တ‌ရွေ့ရွေ့နဲ့ချဉ်းကပ်လာကြတယ်...။ ထိတ်လန့်ဖွယ်ရာမြင်ကွင်းကြောင့် ထွက်ပြေးဖို့ပြင်လိုက်ပေမယ့်လည်း သူ့ခြေထောက်တွေက နေရာကနေရွေ့လို့မရပေ...။

"ဟင့်အင်း...မလာကြနဲ့ ထွက်သွား...!!!"

"ကယ်ပါ... ဒီကနေ ကယ်ထုတ်ပေးပါ"

"ဟင့်အင်း ဟင့်အင်း...မလာနဲ့"

ဂျီမင်းထိတ်လန့်တုန်လှုပ်စွာနဲ့ အတင်းရုန်းကန်နေတဲ့ကြားထဲကနေ သူ့ကိုလာဆွဲကြတဲ့အခါ တုန်လှုပ်ခြောက်ခြားစိတ်က အသွေးအသားထဲကကို တဆစ်ဆစ်ထိုးကိုက်လာသလိုပင်...။

"မင်နီ...သတိထားဦး... ဒယ်ဒီရှိတယ်လေ ကလေးရဲ့"

ကြောက်လန့်တုန်လှုပ်နေရာကနေ နားထဲကြားလိုက်ရတဲ့ ဒယ်ဒီ့အသံကြောင့် ဂျီမင်းအတွက် သဲကန္တာရထဲမှာ အိုအေစစ်လေးတွေ့လိုက်ရသလို အားအင်တွေပြည့်ဝသွားစေတယ်...။

"ဒယ်ဒီ... ဒယ်ဒီ... မင်နီကြောက်တယ်"

ဂျီမင်းရဲ့အထိတ်တလန့်ရေရွတ်သံအဆုံးမှာ သူ့ရဲ့ခန္ဓာကိုယ်လေးဟာ လုံခြုံနွေးထွေးတဲ့ ရင်ခွင်ကျယ်ကြီးတစ်ခုထဲသို့ ချက်ချင်းရောက်သွားတော့တယ်...။ စိတ်ခံစားချက်အပြောင်းအလဲကြောင့် မျက်ရည်တွေကလည်း အဆီးအတားမဲ့စွာ စီးကျလာတော့တယ်...။

"အဟင့်...အင့်...!!!"

"မငိုပါနဲ့ကလေးရယ်... ဒယ်ဒီ့အပြစ်ပါ... ဒယ်ဒီ့ကလေးလေးကို သေချာဂရုစိုက်ရမှာကို"

"အဟင့် ဒယ်ဒီ"

ဂျီမင်းခုမှပဲ မှိတ်ထားတဲ့မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်တဲ့အခါ သူရောက်နေတဲ့နေရာက ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ မြေအောက်ခန်းကြီးမဟုတ်တော့ဘဲ သူ့ရဲ့အခန်းထဲမှာဆိုတာ သတိပြုမိသွားတော့တယ်...။ ထို့အတူ ဒယ်ဒီကလည်း ဂျီမင်းကို တယုတယနဲ့ပွေ့ဖက်ထားတယ်လေ...။

အခုမှပြန်ရောက်လာပုံရတဲ့ဒယ်ဒီက အပေါ်ဝတ်ကုတ်အင်္ကျီကိုသာ ချွတ်ထားပြီးတော့ အိမ်နေရင်းအဝတ်အစားပင် မလဲရသေးပေ...။ ဆံပင်ရှည်တွေကလည်း မျက်နှာပေါ်မှာ ကပိုကရိုဝဲကျနေတာကြောင့် ကြည့်ကောင်းလွန်းနေတယ်လို့ စိတ်အခြေအနေမကောင်းတဲ့ကြားက တွေးမိလိုက်သေးတယ်...။

You're My Destiny (Completed)Where stories live. Discover now