2. Dating with Daddy

572 67 28
                                    

(Unicode)

ကြီးမားလွန်းတဲ့ အိမ်အကျယ်ကြီးထဲမှာနေရတာ တစ်ပတ်မပြည့်သေးပေမယ့် ဂျီမင်းနေသားကျစပြုလာခဲ့ပြီ...။ ဒါကလည်း အငြိမ်မနေဘဲလျှောက်သွားရင်း လမ်းတွေကိုမှတ်ထားတာကြောင့်ပင်...။

ဒယ်ဒီကတော့ မနက်ဆိုရင်ဂျီမင်းနဲ့အတူတူ မနက်စာစားပြီး ကုမ္မဏီကိုထွက်သွားတတ်တယ်...။ ညနေပြန်လာရင်လည်း ဂျီမင်းကိုအရင်ရှာတတ်တာကြောင့် ဒယ်ဒီပြန်လာချိန်ဆို အိမ်ရှေ့မှာထွက်စောင့်တတ်လာတယ်...။

အိမ်အကူတွေက ပြောကြတယ်...။ ဒယ်ဒီက အရင်ကဆိုအိမ်ပြန်ချိန်မမှန်ဘူးတဲ့...။ တစ်ခါတလေအပြင်မှာတောင် အိပ်တတ်တယ်တဲ့လေ...။ အခုက ဂျီမင်းရှိနေလို့သာ အချိန်မှန်မှန်အိမ်ပြန်လာတာတဲ့...။

အဲ့လိုတွေကြားရတော့ ဂျီမင်းပျော်ပါတယ်...။ အိမ်ကြီးထဲမှာ လိုလေသေးမရှိနေရပြီး ဒယ်ဒီကလည်း ဂရုတစိုက်ရှိသောကြောင့်ပင်...။ ဂျီမင်းနှုတ်က လိုချင်တာတစ်ခုပြောလိုက်တာနဲ့ ဒယ်ဒီက ဝယ်ပေးပြီးသားပင်...။

အခုလည်း ဒယ်ဒီကအခေါ်လွှတ်လာတာကြောင့် ဒယ်ဒီရှိနေတဲ့စာဖတ်ခန်းထဲကို ဂျီမင်းထွက်လာခဲ့တယ်...။ လမ်းတလျှောက်မှာတွေ့တဲ့ အိမ်အကူတွေကလည်း ဂျီမင်းကို တရိုတသေနှုတ်ဆက်သွားကြတယ်...။ အခန်းတွေနဲ့လမ်းတွေကို ဂျီမင်းသိနေပြီဖြစ်ပေမယ့် အိမ်အလုပ်သမားတွေက များလွန်းတာကြောင့် ခုထိမမှတ်မိသေးပါ...။

ဒယ်ဒီရှိနေတဲ့စာဖတ်ခန်းရှေ့ရောက်တော့ ဂျီမင်းအရင်ဆုံး ခြေစုံရပ်ပြီးတော့မှ ဆံပင်နဲ့အဝတ်အစားကို သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်တယ်...။ ပြီးတော့မှ တံခါးကိုခေါက်လိုက်တယ်...။ 

"ဝင်ခဲ့ပါ"

ဒယ်ဒီရဲ့အသံက ကြည်လင်ပြီးဆွဲဆောင်မှုရှိလွန်းတယ်...။ အသံတင်ဘယ်ဟုတ်မလဲ လူပုံစံကလည်း အရမ်းစမတ်ကျပြီး ကြည့်ကောင်းလွန်းတယ်လေ...။ ဂျီမင်းမြင်ဖူးသမျှယောင်္ကျားတွေထဲမှာ ဒယ်ဒီက ကြည့်အကောင်းဆုံးနဲ့ အချောဆုံးပါပဲ...။

"ဒယ်ဒီ ခေါ်တယ်ဆိုလို့"

"အင်း...လာလေ မင်နီ"

ခါတိုင်းဆို ဆံပင်ရှည်တွေကိုအပြောင်လှန်သိမ်းထားတတ်တဲ့ ဒယ်ဒီက အခုကျတော့ ကပိုကရိုနဲ့ချထားတာကြောင့် အများကြီးနုပျိုသွားတာပဲ...။ ပြောရရင်ဒယ်ဒီက ပုံတုံးတုံးကြီးတွေမနေဘဲ စတိုင်ကျကျဝတ်စားတတ်သူပင်...။

You're My Destiny (Completed)Where stories live. Discover now