(Unicode)
ဂျီမင်းနဲ့ယွန်းဂီ လက်ထပ်ခဲ့ကြတာ တစ်နှစ်ကျော်လို့ ၂နှစ်ပြည့်လုနီးပါးဖြစ်လာပြီမို့ ဂျီမင်းဟာ အရင်ကထက်ပိုပြီး ရင့်ကျက်လာခဲ့တယ်...။ ဆယ်ကျော်သက်အရွယ်လေးသာ ရှိသေးပေမယ့်လည်း အိမ်ထောင်သည်ဆိုတဲ့ အနေအထားတစ်ခုအောက်မှာ ဂျီမင်းက ပိုတည်ငြိမ်လာခြင်းပင်...။
ယွန်းဂီကလည်း အရင်ကထက် စီးပွားရေးပိုတိုးတက်လာခဲ့ပြီး ကုမ္မဏီခွဲတွေထပ်ဖွင့်ထားပြီး ရှယ်ယာတွေလည်း အများကြီးဝယ်ထားခဲ့တယ်...။ သူအရင်လုပ်ခဲ့တဲ့ မာဖီးယားဂိုဏ်းကိုတော့ တပည့်တွေနဲ့သာလွှဲထားလိုက်ပြီး အရင်လိုလူတွေဖမ်းပြီး နှိပ်စက်တာမျိုးလည်း မလုပ်တော့ပါ...။
သူတို့ရဲ့အိမ်ထောင်ရေးကလည်း ပြဿနာတစ်စုံတရာမရှိဘဲ သာယာအေးချမ်းလို့နေပြန်တယ်...။ ယွန်းဂီက သူ့ရဲ့အန္တရာယ်များလှတဲ့အလုပ်ကြောင့် ဂျီမင်းကို တစ်ယောက်တည်းအပြင်မသွားခိုင်းဘဲ ဘော်ဒီဂတ်တွေနဲ့သာလွှတ်တတ်တယ်...။ ဒါကိုလည်းဂျီမင်းက နားလည်သဘောပေါက်တာကြောင့် အသာတကြည်လက်ခံတယ်...။
အသက်ငယ်ငယ်လေးနဲ့ လွတ်လပ်မှုတွေကုန်ဆုံးခဲ့ရပေမယ့် သူ့ကိုအရမ်းချစ်ပြီး အလိုလိုက်ပေးတတ်တဲ့ယွန်းဂီက သူသွားချင်တဲ့နေရာတွေကိုတော့ ကိုယ်တိုင်လိုက်ပို့ပေးတတ်တယ်...။ ဘော်ဒီဂတ်တွေကတော့ မပါမဖြစ်နဲ့ပေါ့...။
မင်္ဂလာနှစ်ပတ်လည်တိုင်းမှာ သွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ်လို့ပြောထားဖူးတဲ့ကတိကြောင့်လည်း ပထမနှစ်ပတ်လည်မှာ ဂျီမင်းသွားချင်တဲ့ ဂျပန်နိုင်ငံကိုလိုက်ပို့ခဲ့သေးတယ်...။
ဒါကြောင့် သိပ်မကြာခင်မှာကျရောက်လာတော့မယ့် ၂နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်လည်း ဂျီမင်းကြိုတင်ရင်ခုန်နေမိတယ်...။ သူဘယ်နိုင်ငံသွားဖို့ ပူဆာရင်ကောင်းမလဲလို့ပေါ့...။
ခုလောလောဆယ်မှာတော့ အိမ်ရှင်ထီးလေးဂျီမင်းဟာ ယွန်းဂီပြန်လာတဲ့အချိန်စားဖို့အတွက် ညစာကိုချက်ပြုတ်နေတော့တယ်...။ အိမ်အကူတွေကတော့ ဘေးကနေကူပေးရတာပေါ့...။ ဂျီမင်းချက်တဲ့ဟင်းတွေက လူ၂ယောက်စာသာသာပဲမို့ သူတို့ဝန်ထမ်းတွေစားဖို့ကိုတော့ သူတို့ဘာသာချက်ရတယ်လေ...။
YOU ARE READING
You're My Destiny (Completed)
Fanfictionငါကိုယ်တိုင်ဖန်တီးခဲ့တဲ့ ငါ့ရဲ့ကံကြမ္မာလေး~ Min Yoongi x Park Jimin