သုံးလေးရက်လောက် ကြာပြီးနောက် နောက်ဆုံးတော့ အဖြူရောင်အဆင်အပြင်တွေနဲ့ မင်ဂလာအခမ်းအနားကြီးက
ကျင်းပချိန်တန်နေပြီလေ။ခန်းမရဲ့နားနေခန်းတစ်ခုမှာတော့
"မေကြီး အီးဟီး....သားကိုမမေ့နဲ့နော် မေကြီး ဟင့်"
ငြိမ့်လွှား ရွှေရောင်ကွက်ထားတဲ့မင်ဂလာ၀တ်ဆုံကို၀တ်ထားကာ ဒေါ်ခင်နွယ်ငြိမ့်ကို ဖက်ကာ မျက်ရည်တွေနဲ့ငိုကြွေးနေသည်။ဘေးနားက ဉိးထွန်းသစ္စာလည်း ဒီသားအမိတွေဆက်ချစ်နေရင်တော့ မင်ဂလာဆောင်ရမှာမဟုတ်တော့ဘူးဆိုတာ သိနေသည်။
"ကဲ မိန်းမလည်းတော် သားလည်းတော်ကြပါတော့ မငိုနဲ့တော့ ငိုရင်မလှဘူးလေ"
"လှတာဟုတ်ဘူး ချောတာ"
ငိုနေရင်တောင် ငြိမ့်တစ်ယောက် သူ့ရုပ်ကိုဂုဏ်ယူလို့မပြီးပါ။
ငြိမ့်စကားကြောင့် ဉီးထွန်းသစ္စာ ရယ်မိသွားသည်။"အေ့ပါ ကဲ မိန်းမ ကိုယ်တို့ အပြင်မှာသွားစောင့်ရအောင် မကြာခင် ပွဲစတော့မှာမို့လို့လေ"
"အင်း သား အမေတို့စောင့်နေမယ်နော်"
ဆိုကာ ဒေါ်ခင်နွယ်ငြိမ့်တို့လည်း ထွက်သွားဖို့ပြင်လိုက်သည်။
"အမေ သားကိုမမေ့နဲ့နော်"
ငြိမ့်လှမ်းအော်တဲ့စကားကိုဒေါ်ခင်နွယ်ငြိမ့် ပြုံးမိကာ ခေါင်းညိမ့်လိုက်သည်။ထိုမှသာ ငြိမ့်လည်း စိတ်လှုပ်ရှားစွာဖြင့် ၀န်ထမ်းတွေ လာခေါ်တာကိုစောင့်နေလိုက်သည်။
တစ်ဖက်မှာတော့ ဂင်ဘန်ချာရီ ရဲ့နားနေခန်းမှာ ဆူညံနေခဲ့တယ်။ဘာလို့ဆို လူစုံတက်စုံဖြစ်နေလို့လေ။ ဘန် ဆံပင်ကိုသပ်တင်ထားပြီး အနောက်တိုင်းအမဲရောင်ကို၀တ်ဆင်ထားတဲ့အတွက် အလွန် ချောပြီးကြည့်ကောင်းလေသည်။ရင်ဘတ်နားက နဂါးရင်ဖုံးလေးက သက်သေထူသည်။
"ဂင်ဘန်ရယ် မင်းရုပ်ကြီးက နည်းနည်းပြုံးလို့မရဘူးလား
မသိရင် ထမင်းဆယ်ရက်လောက် မစားရသေးတဲ့ပုံနဲ့"ဘန် သူငယ်ချင်းဖြစ်သူ ရှင်ဘုန်းခကပြောလိုက်သည်။ရှင်ဘုန်းခက ဆရာ၀န်တစ်ယောက် နယ်အရပ်ရပ်အသီးအသီးမှာ တာ၀န်ကျနေတော့ သူတို့တွေသိပ်မတွေ့ခဲ့ကြပါ။အခုတော့ ဘုန်းခက ရန်ကုန်မှာဘဲ အလုပ်အကိုင်အခြေချတော့မယ်လို့ပြောပြီး ပြန်လာနေသည်။အကြောင်းပြချက်တစ်ခုထဲကတစ်ခုက ကိုယ့်သူငယ်ချင်းကို မင်ဂလာ၀တ်ဆုံလေးနဲ့တွေ့ချင်တာကြောင့်ဖြစ်သည်။
YOU ARE READING
Coffee With Honey (Complete)
Fanfictionကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။