တစ်ဖက် နားနေခန်းမှာတော့
"ဟိုင်း သမတ်လေး"
ငြိမ့် အခန်းထဲ ၀င်တော့စဉ် အနောက်ရပ်နေသူရဲ့စကားသံကြောင့် ခြေလှမ်းတွေရပ်တန့်သွားသည်။လှည့်ကြည့်လိုက်တော့ ခွန်ထချိုင်းဖြစ်နေသည်။လက်ထဲမှာလည်း သေနတ်တစ်လက်ကိုင်ထားပြီး စိတ္တဇ ဖြစ်စရာ အကြည့်နဲ့ကြည့်နေသည်။
"ဉီးလေးက......."
ငြိမ့် ကြောင်တောင်တောင်နဲ့ မေးခွန်းမေးလိုက်သည်။
ခွန်ထချိုင်းကိုလည်း တွေ့ဖူးတာ ရှားတော့ ဘယ်သူမှန်းမမှတ်မိ။"ငါက.....ထရစ်ရဲ့အဖေ "
ဆိုကာ သေနတ်ကို ကိုင်ကာ ငြိမ့်နားချဉ်းကပ်လာသည်။သူ့ချဉ်ကပ်လာသည်နှင့် ငြိမ့်လည်း တဖြည်းဖြည်း နောက်ဆုတ်လာသည်။နောက်ဆုံး ငြိမ့်နောက်မှာ မှန်တင်ခုံဘဲ ရှိတော့သည်။
"အိုး....သေချာကြည့်တော့ လှတာဘဲ.....ခန္ဓာကိုယ်ကလည်း မဆိုးဘူးဘဲ ပါကင်ဖောက်ပြီးသားဖြစ်မယ်"
ငြိမ့် မျက်နှာကိုအသာ ခပ်ဖွဖွကိုင်ကာ သွယ်လှတဲ့ခါးကိုလည်း ပွတ်သပ်နေသည်။ငြိမ့် အခြေအနေမဟန်တာ သိတာကြောင့် မှန်တင်ခုံမှာ တင်ထားတဲ့ ရေမွှေးဘူးကို အသာဆုပ်ကိုင်လိုက်သည်။
"ဒီခန္ဓာကိုယ်နဲ့ ငါ့သားကို ချူစားနေတာမှတ်လား အားး"
ချူစားတယ်ဆိုတဲ့ စကားကိုကြားတာနဲ့ ငြိမ့် စိတ်တိုလာပြီး
လက်ထဲက ရေမွှေးပုလင်းနဲ့ ခွန်ထချိုင်းရဲ့ခေါင်းကိုထုချလိုက်သည်။"ကိုကိုရဲ့အဖေဖြစ်တိုင်းလည်း ကျွန်တော့်ကို ပြောပိုင်ခွင့်ရှိမယ် မထင်နဲ့"
ငြိမ့် ခွန်ထချိုင်းရှေ့ကနေ လှည့်ထွက်လာပြီး အပြင်ဘက်ကို ထွက်ပြေးသွားသည်။မင်ဂလာပွဲပျက်သွားပြီ ဆိုတာ မသိတဲ့ငြိမ့်က ကမ်းခြေဘက်ကို ဉီးတည်ပြေးလာသည်။
နားနေခန်းနဲ့ကမ်းခြေနဲ့က အတော်အတန်အလှမ်းဝေးသည်။
ကျန်ခဲ့တဲ့ ခွန်ထချိုင်းကတော့ ဒေါသထွက်ကာ ငြိမ့်နောက်ကနေ သွေးတွေစီးကျနေတဲ့ ခေါင်းကိုကိုင်ကာ ပြေးထွက်လာခဲ့သည်။ဒါမဲ့ သူတစ်ယောက်တည်းမဟုတ်။သူ့ရဲ့လူတွေပါလာခဲ့သည်။
YOU ARE READING
Coffee With Honey (Complete)
Fanficကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။