ပုသိမ်မြို့ရှိ ဆေးရုံ။
ညတွင်းချင်း သတင်းကြားကာ ရောက်လာကြတဲ့ မိသားစု၀င်တွေကြောင့် ခွဲစိတ်ခန်းရှေ့မှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ဘုရားစာ ရွတ်ဖတ်နေတဲ့လူတွေက ဘယ်လောက်စိုးရိမ်နေလဲဆိုတာ သိသာသည်။
"ယောက်ျား ကျွန်မတို့ သားလေး အဆင်ပြေမှာပါနော်"
ဒေါ်ခင်နွယ်ယဉ် ဘုရားစာတွေ ရွတ်ဖက်ကာ မေးလိုက်သည်။
ဉီးထွန်းသစ္စာလည်း သူ့မိန်းမ စိတ်သက်သာရာ ရသွားအောင် ဖြေပေးလိုက်သည်။"အင်းပေါ့ ကိုယ့်တို့သားလေးက အသက်ပြင်းတယ်လေ မိန်းမရဲ့"
မျက်ရည်တွေ စိုချွဲနေတဲ့ ဒေါ်ခင်နွယ်ယဉ်ကလည်း ဉီးထွန်းသစ္စာရဲ့စကားကို ခေါင်းသာ ညိမ့်နိုင်တော့သည်။မိခင်ဆိုတော့လည်း ခံစားရတာပေါ့လေ။
တေးငြိမ့်လွှား ခွဲစိတ်ခန်း၀င်သွားတာ ၂နာရီလောက်ရှိသွားပြီပင်။ဘုန်းခတို့လည်း တချို့ ကိစ္စတွေကို ပြောပြဖို့အတွက် ရောက်လာသည်။ဘုန်းခ ဉီးထွန်းသစ္စာ ရှေ့ရောက်သည်နှင့်
ခေါင်းငုတ်ကာ အရိုအသေ ပေးလိုက်သည်။ဘုန်းခ စကားမစခင် ပွင့်လာတဲ့ ခွဲစိတ်ခန်းတံခါး။ဒေါ်ခင်နွယ်ယဉ်တို့လည်း
ဆရာ၀န်ထွက်လာသည်နှင့် ချက်ချင်း ဆရာ၀န်နား ပြေးသွားကြသည်။"ကျွန်မ သားလေး ဘယ်လိုနေသေးလဲဟင်.."
ဒေါ်ခင်နွယ်ယဉ်ရဲ့ မေးခွန်းကြောင့် ဆရာ၀န်က ခပ်ပြုံးပြုံး ပြုံးလိုက်သည်။
"အဆင်ပြေတယ် အဒေါ်ရဲ့ ကျည်ဆံက အထဲထိမရောက်သွားလို့ အဆင်ပြေသွားတယ် ပြီးတော့ လက်မောင်းနဲ့ခါးကိုဘဲ ထိသွားတာလေ ပုံမှန်လူဆို အသက်မရှင်နိုင်တော့ဘူး
အဒေါ်သားက အသက်ပြင်းလိုက်တာ ကျွန်တော်တောင် အံ့ဩတယ်"ဆရာ၀န်ရဲ့ စကားသံကြောင့် ဒေါ်ခင်နွယ်ယဉ်တို့လည်း
အပြုံးပေါ် ပြန်ဖြစ်ပေါ်လာသည်။ဘုန်းခလည်း စိတ်ထဲကနေ
ဘန် အတွက် ဂုဏ်ယူနေတာပေါ့။သူ့သာ ဒီသတင်းကြားရင်
ဘယ်လောက်ပျော်နေပ့မလဲ။"ကျေးဇူးပါနော် ဆရာ.....ကျေးဇူးပါနော်"
"ရပါတယ်ဗျာ အဒေါ်သားကလည်း ချစ်ရသူတွေကို မထားခဲ့နိုင်လို့နေမှာ....ဒါဆို ကျွန်တော် သွားလိုက်အုံးမယ်နော်"
YOU ARE READING
Coffee With Honey (Complete)
Fanfictionကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။