နေ့လည်စာ စားပြီးတဲ့နောက် ငြိမ့် သူ့အရင်ကအလုပ်လုပ်တဲ့ ဌာနကိုပြန်သွားကာ အလုပ်လာသလို လုပ်လိုက်သည်။
"မင်ဂလာပါ ဇွဲမောင်"
"ဟာ....ငြိမ့် အာ...မှားလို့ ဉက္ကဌကတော်လေး"
ငြိမ့် အသံကြောင့် ဇွဲမောင်တို့လည်း အလုပ်လုပ်နေရာကနေ ခေါင်းမော့လာသည်။
"ဟာ....သာမန်ခေါ်သလိုခေါ်ပါဗျာ"
ငြိမ့် နားနေခန်း စားပွဲပေါ်ထိုင်လိုက်ပြီးပြောလိုက်သည်။ကျန်တဲ့လူတွေလည်း လာထိုင်လိုက်ပေမဲ့ မင်းသန့်က လာမထိုင်တာကြောင့်
"ကိုမင်းသန့် လာလေ မုန့်၀ယ်လာတဲ့ဟာကို"
သူ့၀ယ်လာတဲ့ ကြက်ကြော်တွေကိုပြလာသည်။ဇွဲမောင်လည်း
"မင်းသန့် လာလေ ဉက္ကဌကတော်က ဒါတွေဝယ်လာတဲ့ဟာကို"
"ကျတော် ဗိုက်မဆာဘူး"
ဆိုကာ မင်းသန့် ထသွားတာကြောင့် ငြိမ့် ကြောင်သွားသည်။
ဘာလဲဟ ဆိုတဲ့အကြည့်နဲ့ဇွဲမောင်ကိုပြန်ကြည့်လာသည်။"ထားလိုက်ပါ အဲ့ကောင်အသဲကွဲနေတယ်ထင်တယ်"
"အော်...ဒါဆိုစားကြတော့လေ"
ငြိမ့် သူ့ကိစ္စမဟုတ်တာကြောင့် ထွေထွေထူးထူးမမေး။အရင်ကမေးလို့ရပေမဲ့ အခုက အိမ်ထောင်သည်ဖြစ်နေတာကြောင့်
သူ့စည်း ကိုယ့်စည်း ထားရမယ်လေ။မင်းသန့် ထွက်လာပြီတဲ့နောက် လှေကားနားကိုရောက်လာခဲ့တယ်။အောက်ထပ်ဆင်းတဲ့လှေကားပေါ့။ သူ့ထိုင်လိုက်ပြီး
ဆေးလိပ်ဖွာနေလိုက်သည်။~~ကျီ~~
ထိုအချိန် လူတစ်ယောက်၀င်လာသည်။
"ဟိုင်း ကိုမင်းသန့် "
"ဘာလဲ"
သူ့ကိုလာနှုတ်ဆတ်တဲ့လူကို မော့ကြည့်လိုက်သည်။ထိုလူတကယ်ချောသည်။ဒါမဲ့လည်း စိတ်အခြေအနေမကောင်းတာကြောင့် ခပ်ချေချေတုံ့ပြန်လိုက်သည်။
"ချေလှချီလား ဘာလဲ အသဲကွဲနေတာလား"
ထိုလူက သူ့ဘေးမှာ၀င်ထိုင်လိုက်ပြီး မင်းသန့်သောက်နေတဲ့ဆေးလိပ်ကိုကိုင်ကာ နင်းချလိုက်သည်။မင်းသန့် စိတ်ရှုပ်တဲ့အနေနဲ့ ထပ် ဆေးလိပ်ထည့်သည်။
YOU ARE READING
Coffee With Honey (Complete)
Fanficကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။