Boxကိုပိတ်ပြီးတာနဲ့ အသိစိတ်မဲ့သလို ဖြစ်နေတဲ့ ငြိမ့်ကိုပွေ့ချီကာ အပေါ်ထပ်ကိုတက်လာသည်။အခန်းဆီသို့ ခပ်မြန်မြန်တက်လာပြီး ကုတင်ပေါ်မှာ ချပေးလိုက်သည်။
ငြိမ်သက်နေတဲ့ ငြိမ့်ရဲ့ရှေ့မှာ ဒူးထောက်ရင်း"ငြိမ့် ငြိမ့် ငြိမ့် ကိုယ်ရှိတယ်နော် ဘာမှမဖြစ်ဘူး"
ဘန် ပြောနေပေမဲ့ ငြိမ့်က သူ့ကိုကြောင်အစွာ ကြည့်နေသည်။
ဘာစကားမှလည်းပြန်မပြော မျက်တောင်မခက်ဘဲ ကြည့်နေတာကြောင့် ဘန်စိုးရိမ်မှာမြင့်တက်လာသည်။ဘန် တွေးနေတာက ကြောက်သွားတာလား ဒါမှမဟုတ် သူ့မရှိခင် ဘာတွေဖြစ်သွားတာလဲ။အဲ့တာတွေ တွေးမနေဘဲ ဘေးနားက တစ်ရှူးယူလိုက်ကာ
ငြိမ့်မျက်နှာမှာ ပေနေတဲ့သွေးတွေကိုသုတ်ပေးလိုက်သည်။
ဒဏ်ရာမဟုတ်လို့ စိုးရိမ်စိတ်လျော့သွားပေမဲ့ လက်မှာပေနေတဲ့ သွေးတွေကို တွေ့လိုက်ရသည်။ဘန် ထင်လိုက်တာ
ကောင်းစေသူ ရဲ့သွေးလို့ထင်ပေမဲ့ လက်မှာ စိုက်နေတဲ့ဖန်ကွဲစတွေကြောင့် ဘန် တုန်လှုပ်သွားသည်။"ငြိမ့် ခနနော် ကိုယ်ဆေးထည့်ပေးမယ်"
ဘန် အမြန်ထကာ အောက်ထပ်ပြန်ဆင်းပြေးသည်။ဆေးအိတ်ကို အမြန်ယူကာ အပေါ်ပြန်တက်လာသည်။
အခန်းထဲပြန်ရောက်တော့ ငြိမ့် လက်မှာစိုက်နေတဲ့ ဖန်ခွက်စကို ထုတ်လိုက်ပေမဲ့ နာကျင်ယောင်မပေါ်တဲ့ငြိမ့်က ဘန်မျက်နှာကိုဘဲ စိုက်ကြည့်နေခဲ့တယ်။ဘန် ကိုစိုက်ကြည့်နေပြီး
ငြိမ့်ပါးပြင်ထက်က ကျလာတဲ့မျက်ရည်တွေက နာလို့ဆိုတာ ဘန်သိလိုက်သည်။ညင်သာစွာ သုတ်ပေးလိုက်ပြီး ဆေးထည့်တာကို လက်စသတ်လိုက်သည်။ဆေးအိတ်ကိုသေချာပြန်သိမ်းလိုက်ပြီး ငြိမ့်ကိုပြန်ကြည့်ကာ"ဟူး...လာ အချစ် ခနလောက်အိပ်လိုက်နော် နိုးလာရင်
အဆင်ပြေသွားလိမ့်မယ်"ငြိမ့် ကိုယ်လေးကိုညင်သာစွာ လဲချလိုက်ပြီး သူ့ပါ၀င်အိပ်လိုက်သည်။ငြိမ့် ရင်ခွင်ထဲထည့်ပြီး ချော့သိပ်ဖို့လုပ်လိုက်ပေမဲ့
"မအိပ်ဘူး မအိပ်ဘူး "
အတင်းရုန်းကန်နေတဲ့ ငြိမ့်ကြောင့် ဘန် တင်းကျပ်စွာ ဖက်ထားပေမဲ့ ဘန်ရင်ဘတ်ကို ထုရိုက်နေတာလည်း ဘန်သည်းခံလို့မရ။ဘာလို့ဆို ငြိမ့်လက်က ဒဏ်ရာက အစိမ်းသက်သက်ဘဲရှိသေးသည်။ဘယ်လိုမှမရတဲ့အဆုံး ဆံပင်ကောက်ကောက်လေးတွေကို ဖွလိုက်ကာ
YOU ARE READING
Coffee With Honey (Complete)
Fanfictieကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။