မနက်ခင်း နေရောင်ခြည်က အိပ်ရာပေါ်ထိုးကျလာခဲ့တယ်။
King size ရှိတဲ့ကုတင်ပေါ်မှာအိပ်စက်နေတဲ့ ကောင်လေးက နိုးလာတယ်။ငြိမ့် မျက်နှာပေါ် နေရောင်ခြည်က ကျလာတော့ မျက်လုံးတဖြည်းဖြည်းပွင့်လာသည်။ ထထိုင်ကာ မျက်လုံးကိုပွတ်ပြီး
လသာဆောင်ကိုကြည့်လိုက်သည်။အပေါ်အင်းကျီချွတ်ထားပြီးညအိပ်ဘောင်းဘီရှည်ကို၀တ်ထားတဲ့ သူ့အမျိုးသား။ညအိပ်ဘောင်းဘီရဲ့ဝိုင်းစက်
အင်းကျီကိုတော့ ငြိမ့်က၀တ်ထားတယ်။သူ့အမျိုးသားက စီးကရက်သောက်ရင်း ငြိမ့်အားလှည့်ကြည့်လာတယ်။
"နိုးပြီးလား "
ဘန် ဖြေးညှင်းစွာလျှောက်လာပြီး ငြိမ့်ဘေးကိုထိုင်လိုက်သည်။ထိုနောက် အံ့ဆွဲထဲက ဖိုင်တစ်ခုကိုထုတ်လိုက်ကာ
"ရော့ "
"ဟင်..."
သူ့ကိုပေးလာတဲ့ ဖိုင်ကိုဖွင့်ကြည့်တော့ ဖောင်တစ်ရွက်။
"ဒါကဘာလဲ"
"ပန်းချီသင်တန်း "
"......"
"အမေပြောတယ် ငြိမ့်က ပန်းချီသင်တန်းတက်ချင်တာတဲ့
အဲ့တာကြောင့် သွားတက် ""တကယ်"
ငြိမ့် ဘန်ရဲ့စကားကြောင့် အပျော်လွန်လာသည်။ ကြယ်ရောင်လက်နေတဲ့မျက်ဝန်းတွေနဲ့ဘန်ကိုပြန်ကြည့်လာပြီး
"အင်း ဟန်နီ"
"အိုမိုင်ဂေါ့ ဆာရာငဲ "
Korea လို့မှုတ်ပြီး ကုတင်ပေါ်ကပြေးဆင်းသွားတဲ့ငြိမ့်ကိုကြည့်ပြီး
"ဘာလုပ်မလို့လဲ"
"သင်တန်းသွားမလို့ ပြင်ဆင်ရမယ်လေ"
ဆိုကာ ရေချိုးခန်းထဲ ၀င်ပြေးသွားတဲ့ ကောင်လေးကို
ဘန် ပါးချိုင့်တွေပေါ်အောင်ပြုံးလိုက်မိတယ်။
သူလည်း company သွားဖို့ပြင်ဆင်ရမယ် ဒါမဲ့တစ်နေရာကိုအရင်သွားရမယ်လေ။ငြိမ့်ရေချိုးနေတုန်း ဘန် အောက်ထပ်ကို ဆင်းလာသည်။
လျှို့ဝှက်စွာ နေရာတစ်ခုကိုသွားလိုက်တယ်။မှောင်မှိက်တဲ့လှေကားတစ်ခုကိုဆင်းလိုက်ပြီး မြေအောက်ခန်းကိုဉီးတည်သွားသည်။
YOU ARE READING
Coffee With Honey (Complete)
Fanfictionကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။