ဘုန်းခတို့ အလုပ်ကိစ္စပြီးတာနဲ့ သူ့တို့အိမ်ရှိရာကို ပြန်လာကြသည်။
ခြေလှမ်းကျဲကျဲတွေနဲ့ ဧည့်ခန်းကိုဉီးတည်၀င်လာသည်။ဧည့်ခန်းရောက်တော့ နဒီနဲ့ဘန်ဘဲ ရှိနေတာတွေ့တော့ ရာသီဉတုက အေးစက်နေတာကြောင့် သူ့တို့လည်း ငြိမ်သက်စွာထိုင်လိုက်သည်။ဘုန်းခတို့ ဆိုဖာပေါ်မှာ ထိုင်လိုက်ကြသည်။"ဟူး......ပင်ပန်းလိုက်တာ"
ဘုန်းခရဲ့ ခပ်ရွဲ့ရွဲ့စကားကြောင့်
မျက်ခုံးကျုံ့နေတဲ့ ဘန်အကြည့် ချက်ချင်းရောက်လာသည်။"စတာ စတာ"
"မင်းတို့ဘာဖြစ်နေတာလဲ မျက်ခုံးကြီးကျုံ့လို့"
မင်းခန့် အခြေအနေကိုကြည့်ပြီးနောက် ပြောလာသည်။
"ဘာမှမဖြစ်ဘူးကွာ ပြော အခုဘာဖြစ်လာလဲ"
နဒီ စိတ်ပျက်လက်ပျက်ပြောလာတဲ့စကားကြောင့်
မင်းခန့်လည်းဆက်မမေးတော့ဘဲ သူ့သိမ်းထားတဲ့ စာရွက်ကိုထုတ်ပြကာ ပြောလိုက်သည်။"မင်းသန့် သေသွားပြီ"
မင်းခန့် ရဲ့စကားကိုကြားတော့ နဒီ စာရွက်ကိုကောက်ဖတ်ကာ
ထင်ထားတဲ့အတိုင်း ကျည်ဆံဆိုတဲ့လူဖြစ်နေသည်။"ကျည်ဆံဆိုတဲ့လူဘဲ အဲ့တာဆို နေမင်းဟန်ကရော"
နဒီအမေးကို မင်းခန့်တို့မဖြေခင်
"သူပူပေါင်းသွားပြီ"
မျက်ခုံးကျုံ့ကာ ထိုင်နေတဲ့ ဘန်က အေးစက်စွာ ပြောလာသည်။ဘန်ရဲ့စကားကြောင့် နဒီတို့လည်း လှည့်ကြည့်လာပြီး
"ဟမ်....ဘယ်လိုလုပ်..."
နဒီ ရဲ့စကားမဆုံးခင် ဘန်သူ့သိမ်းထားတဲ့ ကောင်းစေသူဆုံးတုန်းက စာကိုထုတ်ပြလိုက်သည်။
"သေချာကြည့်"
ဘန်စကားကြောင့် နဒီတို့လည်း ကောင်းစေသူရဲ့စာရွက်ကိုကြည့်လိုက် မင်းသန့်ရဲ့စာရွက်ကိုကြည့်လိုက် လုပ်နေကြသည်။ အတွေ့အကြုံပိုရှိတဲ့ ဘုန်းခက ဘန်ပြောတဲ့ စကားကို နားလည်လိုက်သည်။
"လက်ရေး မတူဘူးဘဲ"
ဘုန်းခရဲ့စကားကြောင့် နဒီတို့လည်း သတိပြုမိကာ
လက်မထောင်ကာ ချီးကျူးလာကြသည်။
YOU ARE READING
Coffee With Honey (Complete)
Fanfictieကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။