ဘန်လည်း ငြိမ့်တို့နဲ့အတူ အိမ်ထဲ၀င်လာပြီး ဧည့်ခန်းမှာ၀င်ထိုင်လိုက်ကြသည်။အစေခံတွေလည်း သောက်စရာစားစရာတွေ လာချပေးပြီး ပြန်ထွက်သွားလေသည်။
အဘိုးလည်း ချလာတဲ့အစားအရာတွေကို ငြိမ့်ဘက်ကိုချပေးလိုက်ပြီး"မြေးစားနော် အဘိုးအံ့ဩတယ်သိလား"
"ဘာကိုလဲ အဘိုး"
ငြိမ့်စတော်ဘယ်ရီရှိတဲ့ကိတ်မုန့်ကိုသူ့ပါးစပ်ထဲထိုးထည့်ကာ ပြောလိုက်သည်။
"အဘိုးကိုမြေးလေး မှတ်မိနေတယ်ဆိုတော့ အံ့ဩမိတာပါ"
"အော် အဖေကသားကိုပြောပြထားလို့ပါ အဘိုး ပြီးတော့အရင်က အကြောင်းတွေရော"
အဘိုးလည်း ငြိမ့်စကားကြောင့် ပြုံးလိုက်တာကြောင့် ငြိမ့်သတိထားမိသည်။အဘိုးသည် ထိုင်းလူမျိုးဆိုသာ။
"သစ္စာကတော့ တစ်ခုမကျန်ပြောထားတယ်ထင်တယ် "
"ဟုတ်"
"ဟူး မြေးငြိမ့်လည်းအရင်အကြောင်းတွေ သိပြီးသွားပြီဆိုတော့ လက်ထပ်ပွဲကိုလက်ခံလား"
"အမ်"
ငြိမ် ထိုမေးခွန်းကြောင့် သူ့ဘေးမှာထိုင်နေတဲ့ဘန်ကို တစ်ချက်ကြည့်လိုက်သည်။ဘန် မျက်နှာတည်နဲ့ဘဲ ရှိနေတာကြောင့် ငြိမ့်လည်း
"ဟုတ် လက်ခံပါတယ်"
ဘန် မျက်နှာတည်နေပေမဲ့ ငြိမ့်စကားကြောင့်ရင်ထဲက ကြည်နူးမိသလိုခံစားရတာကြောင့်
"ကျွန်တော် အပြင်ခနသွားလိုက်အုံးမယ်"
ဘန် ရှောင်ထွက်သွားမိသည်။မဟုတ်ရင် သူ့ရင်ခုန်သံကို ဖုံးကွယ်ထားမယ်မထင်။ဘန် ထသွားတာကြောင့် ငြိမ့်
မျက်နှာညိုးသွားမိသည်။ဘန် လက်မခံရင် သူ၀မ်းသာရမှာမလား ဘာလို့၀မ်းနည်းနေမိတာလဲ ဘန်ကဘာမှမပြောရသေးရင်တောင်။"ငြိမ့် အဘိုးကိုကြည့် "
ငြိမ့်လည်း အဘိုးကိုမော့ကြည့်လာသည်။
"မြေးကြီးက အဲလိုဘဲ သူ့ခံစားချက်ကိုထုတ်ပြတာကိုမကြိုက်ဘူး ပြီးတော့ သူ့ကသူ့မိဘတွေ အက်စီးဒင့်ဖြစ်ပြီးကတည်းက
အပြုံးအရယ်မရှိတော့တာ မြေးလေးသိလား သားအကြောင်းသူပြောဖူးတယ် သားသူ့company မှာ အလုပ်စ၀င်တုန်းက ကော်ဖီကိုဘယ်လိုဖျော်တာ ဘယ်လိုရီပြတာ အဘိုးကိုပြောခဲ့တယ် "
![](https://img.wattpad.com/cover/354533830-288-k982338.jpg)
YOU ARE READING
Coffee With Honey (Complete)
Fanficကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။