part 19

1K 27 0
                                    

အနက်ရောင်အခန်းကြီးထက်၀ယ်။
အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်ကို ဘန်ငေးကြည့်လိုက်ပြီး လသာဆောင်ဘက်ထွက်သွားလိုက်သည်။
မနက်‌၆နာရီဘဲ ရှိသေးတာကြောင့် မြူတွေကျနေလျက်။
နှင်းဖွာဖွာလေးဟာလည်း ဆောင်းရာသီကြောင့် ဖြစ်ပေါ်လာတာပေါ့။ဒါပေမဲ့ အပေါ်၀တ်ချွတ်ထားတဲ့ ဘန်ကတော့
မအေးသလိုဘဲပင်။

စီးကရက်ကိုတစ်ချက်ရှိုက်ပြီး ဖိုင်တစ်ခုကိုဖွင့်လိုက်သည်။
ဖိုင်ထဲမှာ အထုတ်တစ်ခုရဲ့ဒီဇိုင်းလေး။ပုံကိုကြည့်ရင်း ပြုံးလိုက်မိသည်။ဘယ်သူလက်ရာမှန်းလဲ သူသိသည်။

~~တီ တီ ~~

ရုတ်တရက်ဖုန်းလာတာကြောင့် ကိုင်လိုက်မိသည်။

"ပြော"

'ငါ ဆောနဒီလှိုင် '

"အော်....ဘာလဲ"

'ဟျောင့် ချေမနေနဲ့ ငါတို့ဒီနေ့ မင်းအိမ်လာမှာ '

‌"မင်းဘေဘီလေးကို လာကြွားမလို့လား အေးရတယ်နော်
ငါလည်း ငါ့ဟန်နီကိုပြန်ကြွားမှာ"

ဘန်ရဲ့ ခပ်ရွဲ့ရွဲ့ပြောသံကြောင့် တစ်ဖက်လူက ပြောစရာစကားတောင်ပျောက်သွားသည်။

'ငါတောင် ဘာမှမပြောရသေးဘူး ငါ့ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ ရှင်ဘုန်းခတို့တောင် မပြောရသေးဘူး'

"သိလိုက်ပြီ မင်းမပြောလည်း သူတို့သိတယ် ဒီလောက်သတင်းက ပြန့်နေတဲ့ကိစ္စကို"

'လိ့ တော်ပြီဟာ...ငါလာခဲ့မယ် ကြားလား"

"ရှူးတိုးတိုး ငါဟန်နီနိုးတော့မယ် ဒါဘဲ လာချင်လာ မလာချင်နေ I don't care "

အိပ်ရာပေါ်က ငြိမ့်ရဲ့အသံတိုးတိုးလေးကြောင့် ဘန်ပြောလိုက်ချင်းပင်။တစ်ဖက်ကလူကတော့ ခွေးစာကျွေးခံလိုက်ရတဲ့ပုံ။

"စပ...ဟယ်လို ဟယ်လို ဟျောင့် ဟျောင့်"

ဘန် ပြောပြီးတာနဲ့ ချလိုက်တာကြောင့် တစ်ဖက်လူက
ဆဲမိလိုက်သည်။ကြည့်လိုက်တာနဲ့ သူငယ်ချင်းတွေဆိုတာ သိသာလျက်။

ဘန် ဖုန်းချပြီးသာနဲ့ အိပ်ရာပေါ်ကကောင်လေးဆီ တန်းသွားလိုက်ပြီး သူပါ၀င်လှဲကာ သူ့ရင်ခွင်ထဲ ငြိမ့်ကို ဖက်ထားလိုက်သည်။

Coffee With Honey (Complete) Where stories live. Discover now