part 17

1K 30 0
                                    

ကော်ဖီဆိုင်ထဲမှာတော့ ငြိမ့် ငြိမ်သက်စွာမင်းသန့်ကိုစောင့်နေမိတယ်။ဆိုင်ထဲမှာထိုင်နေတဲ့လူတွေက သိပ်နည်းလွန်းတယ်။
ငြိမ့် အစီအစဉ်က ဒီကပြန်ရင် သူ့မိဘအိမ်ကိုပြန်ဖို့ဖြစ်တယ်။
ဒါမဲ့ မင်းသန့်ပြောတော့ပရောဂျက်ကိစ္စလို့ပြောပေမဲ့
ဘာစာရွက်စာတမ်း ဘာတစ်ခုမှပါမလာတာကို သတိပြုမိသည်။

"ငြိမ့် စောင့်ရတာ ကြာသွားလား"

သူ့စဉ်းစားနေစဉ် မင်းသန့်ရောက်လာတာကြောင့်
အတွေးတွေကိုဖျက်ပြီး

"မကြာပါဘူး ရပါတယ် ဒါနက်‌ပရောဂျက်လုပ်မယ်ဆိုတဲ့ကိစ္စကရော"

ငြိမ့်စကားကြောင့် မင်းသန့်အခက်တွေ့သွားမိတယ်။
ဘာဖြေရမလဲ သူ့အကြံအစည်က ပရောဂျက်မှမဟုတ်တာ။
ပခုံးကိုကုတ်ရင်း

"အာ...အင်း ရှိတယ်လေ တစ်ခုခုစားပြီးမှပြောကြရအောင်
ကိုယ်ထွက်လာကတည်းက ဘာမှမစားရသေးလို့"

*ကိုယ်*သူ့အဲ့နာမ်စားသုံးလိုက်တာလား။
မင်းသန့်စကားအဆုံး ကြားလိုက်ရတဲ့အရာကြောင့်
စဉ်စားစရာဖြစ်သွားတာအမှန်။

"အော်...ဒါဆိုလဲ အရင်စားပေါ့"

"အင်း"

မင်းသန့် တိတ်တခိုး သက်ပြင်းချမိသွားတယ်။
ထိုအချိန်
"ရပါပြီ ဆရာတို့"

စားပွဲထိုးကောင်လေးတစ်ယောက် ဖျော်ရည်နှစ်ခွက်ကိုလာချပေးလာသည်။

"ငြိမ့် သောက်လေ အဲတာသရက်ဖျော်ရည်လေ"

"......."

ငြိမ့် သတိထားမိသည်။ခနတာငြိမ်သက်သွားပေမဲ့
ခပ်ပြုံးပြုံးလိုက်ပြီး

"ခွက်လဲသောက်မယ်လေ"

"......"

ငြိမ့် စကားကြောင့် မင်းသန့် စိတ်လှုပ်ရှားသွားပြီး
ချွေးပြန်လာသည်။မျက်နှာကိုချက်ချင်းပြန်ပြင်ကာ

"အင်း...သောက်..လေ"

မင်းသန့်စကားကိုကြားတာနဲ့ ငြိမ့်သူ့ရှေ့မှာတင် ခွက်ချင်းလဲလိုက်သည်။မင်းသန့် သူ့ရှေ့ရောက်လာတဲ့ခွက်ကိုကြည့်ပြီးဘာလုပ်ရမလဲ သူ့မသိတော့ဘူး။

Coffee With Honey (Complete) Where stories live. Discover now