part 4

1.3K 41 0
                                    

နောက်နေ့တစ်နေ့သို့ကူးပြောင်းလာခဲ့ပါပြီ။အဖြူရောင်သစ်သားအိမ်လေးမှာတော့ မနက်ခင်းဆူညံနေခဲ့။

"အမေ ရပါပြီ "

ငြိမ့်အခန်းထဲမှာ သူ့ကိုအင်းကျီဆင်ပေးနေတဲ့ဒေါ်ခင်နွယ်ယဉ်ကိုကြည့်ကာ ရပြီလို့သာ ပြောယူရတဲ့အဖြစ်။အနောက်တိုင်းကုတ်နဲ့ကြည့်ကောင်းနေတဲ့ပုံရိပ်ပင်။ခပ်ကောက်ကောက်ဆံပင်ကလည်း မျက်နှာကို အုပ်နေသည်။

"ဟုတ်ပါပြီ ငါ့သားလေး ချောသွားပြီ"

ဆိုကာ ဒေါ်ခင်နွယ်ယဉ်က သူ့သားအား လက်ဆွဲရင်းအောက်ဆင်းလာသည်။အောက်မှာတော့ ‌ဉီးထွန်းသစ္စာက သတင်းစာဖတ်ရင်း အောက်ဆင်းလာတဲ့သားအမိကိုကြည့်လိုက်သည်။

"ငါ့သားလေး မိမိုက်နေတာ"

‌"ဖေကြီးကလည်း"

"ကဲပါ သားနောက်ကျနေတော့မယ် ကိုကြီးနဲ့နေ့လည်စာအတူတူစားခဲ့နော် ရော့ ဒီဆိုင်မှာနော်"

ဒေါ်ခင်နွယ်ယဉ် သူ့သားကိုမှာရင်း ဆိုင်လိပ်စာကဒ်ကိုပေးလိုက်သည်။ငြိမ့်လည်း ယူလိုက်ပြီး

"ဟုတ်ကဲ့ပါ အမေ သားသွားပြီနော် ဆာရာငဲ ဖေကြီး‌ မေကြီး"

ဆိုကာ နှုတ်ဆတ်လိုက်ပြီး ငြိမ့်လည်းသူ့ဉီးတည်ရာထွက်လာခဲ့တော့သည်။

.......................
ငြိမ့် ကားငှားရင်း နာရီ၀က်လောက်ကြာတော့ ဆိုင်ကိုရောက်လာသည်။ကားပေါ်ကဆင်းလိုက်ရင်း

"ဆိုင်ကအကြီးကြီးဘဲ မိုက်တာ"

ဆိုကာ သူ့ဆိုင်ထဲ၀င်သွားလေသည်။ ဆိုင်၀န်ထမ်းကို ဘိုကင်ယူထားတဲ့ခုံနပါတ်ကိုပြလိုက်တော့ ၀န်ထမ်းလည်း လိုက်ပို့ပေးလာသည်။

ဆိုင်ရဲ့အပေါ်ဆုံးထပ်ကိုခေါ်သွားလိုက်သည်။

"ဒီမှာပါ အကိုလေး"

ဆိုကာ၀န်ထမ်းလည်း အပေါ်ဆုံးထပ်ရဲ့အလယ်နားမှာ ငြိမ့်ကိုထားခဲ့လိုက်သည်။ ငြိမ့် မြင်လိုက်ရတာ သူ့ကိုနောက်ပစ်ထားတဲ့လူတစ်ဉီး။

"အဟမ်း ဟိုင်း ကျွန်တော်က‌တေးငြိမ့်လွှာပါ ကို.....ကြီး"

ငြိမ့်လည်း ထိုလူလှည့်လာရန် နှုတ်ဆတ်လိုက်သည်။
ထိုလူသည် ဖြည်းညှင်းစွာလှည့်လာပြီးငြိမ့်ကိုကြည့်လိုက်သည်။

Coffee With Honey (Complete) Where stories live. Discover now