part 6

1.2K 40 0
                                    

Ferrari ကားလေးဟာ အဖြူရောင်သစ်သားအိမ်လေးသို့ ရောက်ရှိလာသည်။ဘန် ကားပေါ်ကနေဆင်းလိုက်ပြီး  ငြိမ့်ကိုကားတံခါးဖွင့်ပေးလိုက်သည်။

"ရောက်ပြီ "

"အင်း"

ဆိုကာ ငြိမ့်လည်း ၀င်ဖို့လုပ်တော့

"မနက်ဖြန် ၀တ်ဆုံရွေးဖို့ကျုပ်လာခေါ်မယ် "

ဘန်ရဲ့စကားကြောင့် ငြိမ့်ကြောင်အအနဲ့ပြန်ကြည့်လာသည်။

"ဟမ် မြန်လှချီလား နေပါအုံး ဒီမင်ဂလာပွဲကို ခများစီစဉ်မှာလား"

"ဟုတ်တယ် အဘိုးကကျုပ်ကိုအပ်ထားတာ "

ငြိမ့် တကယ်အံ့ဩမိသည်။သူ့ဘ၀ကလူပျိုဘ၀ကိုတောင်မဆင်နွဲရသေးဘူး။လက်ထပ်ရတော့မယ်တဲ့

"မနက်ဖြန် ကျွန်တော်မအားဘူး အလုပ်သွားရမှာ"

"ဟက် မသွားရဘူး"

"သွားမှာ"

"ဒီမှာ ကျုပ်ကလေ company ကိုဘဲပိုင်တာမဟုတ်ဘူး
Company က၀န်ထမ်းတွေကိုပါ ကျုပ်သေဆိုရင်သေမဲ့လူရီးဘဲ "

"ငါကတော့ အဲထဲမပါဘူး"

ငြိမ့်နှာခမ်းဆူပြီးပြန်ရန်တွေ့လာတာကြောင့်

"အဟမ်း ဟုတ်တာပေါ့ ခများက ကျုပ်ချစ်ဆိုပြန်ချစ်ရမဲ့လူဘဲ"

"......."

"အချိန်ကုန်တယ် မနက်ဖြန်ကျုပ်လာခေါ်မယ် အဆင်သင့်ပြင်ထား"

ဆိုကာ ဘန်သူ့ကားထဲ၀င်ကာ မောင်းထွက်သွားသည်။
ကျန်ခဲ့တဲ့ငြိမ့်ကတော့ လူသတ်ချင်တဲ့စိတ်ပေါက်နေသည်။
စိတ်လျော့ပြီး အိမ်ထဲသို့၀င်သွားလိုက်သည်။

....................
တခြားအိမ်တော်တစ်ခုမှာတော့ ဧည့်ခန်းမှာထိုင်နေတဲ့လူကြီးတစ်ယောက်နဲ့ကောင်လေးတစ်ယောက်။ဘေးနားက bodyguard တွေကလည်း သူ့တို့ဘေးမှာအပြည့်။

"ဒယ်ဒီ ကူညီပါအုံး..ကိုကိုကလက်ထပ်တော့မယ်တဲ့ မခံစားနိုင်ဘူး"

ထိုကောင်လေးကတော့ ထက်ဝေယံပင်။လူကြီးကတော့ ထက်ဝေယံရဲ့အဖေ ဉီးထက်ခန့်မောင် သာဖြစ်သည်။ဉီးထက်ခန့်မောင်က ဝိုင်ကိုကိုင်ကာ လှုပ်ရမ်းနေသည်။

Coffee With Honey (Complete) Where stories live. Discover now