တစ်လကြာပြီးနောက် ဘန်တို့အိမ်ထောင်ရေးက
၁လပြည့်သွားပြီပင်။နေရောင်ခြည် အခန်းထဲသို့ရောက်လာခဲ့တယ်။ကုတင်ပေါ်မှာအိပ်စက်နေသူလေး နိုးလာခဲ့တယ်။ လက်နဲ့အသာ မျက်နှာကိုပွတ်သပ်ပြီး နိုးထလာခဲ့တယ်။
"ဟင်...."
ငြိမ့် အိပ်ချင်မူးတူးနဲ့ထလာရင် မြင်လိုက်ရတဲ့အရာကြောင့်
မျက်လုံးတောင် ဝိုင်းစက်သွားသလား။ကျွန်းသား ထိုင်ခုံတွေ ကြမ်းပြင်တွေ ရှေးဟောင်းထိုင်ခုံတွေ
အပြင်ကိုကြည့်တော့လည်း ရိုးရာပုံစံရှိတဲ့အဆောက်အအုံတွေ။ဘာတွေလဲ!!!
"ငါ ဘယ်ရောက်နေတာလဲ ကိုကြီး ဘယ်မှာလဲ"
ငြိမ့် ဒီတိုင်းထိုင်နေမဲ့အစား ထရှာဖို့ဘဲ လုပ်လိုက်သည်။
ငြိမ့်ခေါင်းထဲမှာတော့ သူကိုပြန်ပြေးဆွဲထားတာလား
ဖမ်းထားတာလား အဲ့တာတွေကိုတွေးပြီးကြောက်နေမဲ့အစား
အခန်းရဲ့တစ်နေရာမှာရှိတဲ့ တုတ်တစ်ခုကို ကိုင်ကာ
အခန်းတံခါးကိုဖွင့်လိုက်သည်။ဖွင့်လိုက်သည်နှင့် အပြင်ကိုချက်ချင်းရောက်သွားခဲ့တယ်။
အခန်းတွေ ကြမ်းပြင်တွေအကုန်လုံးက ကျွန်းသား(သစ်သား)
တွေနဲ့ဘဲ လုပ်ထားတာကို တွေ့လိုက်ရတယ်။သေချာတယ် ရိုးရာအိမ်တစ်ခုဘဲ
ငြိမ့် ဘာသာစကားတစ်ခုကိုကြားလိုက်တာကြောင့်
တုတ်ကိုရွယ်ရင်း အသံရှိရာဆီ ချဉ်းကပ်လာခဲ့တယ်။ရောက်သည်နှင့်
"အား...အိုးမိုင်ဂေါ့"
ရိုက်တော့မဲ့အချိန် တွေ့လိုက်ရတဲ့လူကြောင့် ငြိမ့် အလန့်တကြားအော်ဟစ်မိသည်။အမြန် တုတ်ကိုနောက်မှာ
ဖွက်လိုက်ကာ ထိုလူကို သွား၃၂ချောင်းပေါ်အောင် ရီပြလိုက်သည်။"ဟီးဟီ မင်ဂလာပါနံနက်ခင်းပါ ကိုကို"
"အင်း "
ဘန် ရိုးရာ၀တ်ဆုံတစ်ခုနဲ့ ဓားတစ်ချောင်းကိုလည်း ကိုင်ထားသည်။ငြိမ့်ကို ပြန်တုံ့ပြန်လိုက်ပြီး သူ့ပြောလက်စ စကားကိုဖျက်လိုက်ကာ ငြိမ့်ဘက်ပြန်လှည့်လာသည်။
![](https://img.wattpad.com/cover/354533830-288-k982338.jpg)
YOU ARE READING
Coffee With Honey (Complete)
Fanfictionကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။