အချိန်ခနကြာသွားတော့ စိတ်လျော့လိုက်ကြပြီး နဒီ ကိစ္စတစ်ခုကို သတိရကာ မေးလိုက်သည်။
"ငါ နေမင်းဟန်ရဲ့တည်နေရာရထားတယ် အဲ့တော့ သွားမှာလား မသွားဘူးလား"
"အေး အဲ့ကိစ္စကိုမင်းတို့ကြည့်လုပ်လိုက်"
ဘန် ပြောပြီးတာနဲ့ ထိုနေရာကနေ ချက်ချင်းထွက်လာခဲ့သည်။ဘန်အမိန့်ကျလာပြီးတာနဲ့ ဘုန်းခနဲ့မင်းခန့် လူချက်ချင်းစုကာ
နဒီပြောတဲ့ နေရာကိုချက်ချင်းသွားဖို့ ဖြစ်လာသည်။
ကျန်ခဲ့တဲ့ နဒီက စုပြည့်ဉီးဆီ သွားလိုက်ပြီး"လာ ဘေဘီ ကိုယ်တို့ပင်လယ်ကြီးကိုသွားကြည့်ရအောင်"
နဒီ စကားကိုကြားတော့ စုပြည့်ဉီးအသံတိုးညှင်းစွာဖြင့်
"ဟင့်အင်း ငါမှမမြင်ရတာ"
"ဘာမှမဖြစ်ဘူး ကိုယ်ပြောပြပေးမယ်"
ဆိုကာ နဒီ စုပြည့်ဉီးကိုလက်ဆွဲကာ ထွက်လာခဲ့သည်။
သူ့တို့ဘေးက အခြေအနေတွေကိုအကုန်ကြားလိုက်ပြီး မယုံကြည်နိုင်ဖြစ်နေတဲ့ တာတီးကိုပါ ခေါ်လာခဲ့သည်။ပင်လယ်ကြီးရဲ့အရှေ့ကို ရောက်သည်နှင့် လေတွေ တရွေ့ရွေ့နဲ့တိုက်ခက်လာကာ လှိုင်းပုတ်ခက်သံတွေနဲ့အသံဟာ ဆူညံနေခဲ့သည်။တာတီးကို နားလို့ရတဲ့နေရာ ထားခဲ့ပြီး နဒီ စုပြည့်ဉီးကို လက်ဆွဲလာသည်။
စုပြည့်ဉီး ခံစားမိသည်။သဲတွေ အထိအတွေ့ လှိုင်းခက်သံတွေ
လေပြည်လေးတွေ ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ အချစ်တွေရောပေါ့။နဒီ ကမ်းစပ်နေရာကိုခေါ်သွားလိုက်ပြီး"စု ဒီအထိအတွေ့ကို ခံစားမိလား "
စုပြည့်ဉီးရဲ့ ခြေထောက်အား ရေရှိတဲ့နေရာ၌ ချပေးလိုက်ပြီး
အေးစက်တဲ့အထိအတွေ့ကို ခံစားရစေသည်။
ပင်လယ်ရေရဲ့အထိအတွေ့က စုပြည့်ဉီးရဲ့မျက်နှာပေါ်မှာ အပြုံးတွေကို ဖန်တီးပေးလိုက်သည်။"အင်း အေးတယ်"
"ဟုတ်တာပေါ့ ချစ်ရဲ့ ဆောင်းရာသီ ၀င်လာပြီမို့လို့လေ"
နဒီ ရဲ့စကားကိုကြားပြီး စုပြည့်ဉီး မမြင်ရပေမဲ့ ခံစားလို့ရတာဘဲ။စုပြည့်ဉီး ပိုပြီးပြုံးလာနိုင်ရန် နဒီ ရေပတ်လိုက်သည်။
ခန္ဓာကိုယ်ပေါ်ရောက်လာတဲ့ ရေစက်လေးတွေကြောင့်
လန့်သွားပေမဲ့ ကျေကျေနပ်နပ်ပြုံးလိုက်ပြီး
YOU ARE READING
Coffee With Honey (Complete)
Fanficကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။