~~ကျွီ~~
ဘန်အဆင်သင့်ပြင်ပြီး ငြိမ့်ကိုစောင့်နေမိတယ်။
တံခါးဖွင့်သံကြားဝာာနဲ့ ဖြည်းညှင်းစွာလှည့်ကြည့်လာသည်။တစွယ်လေးနဲ့ သူ့ကိုပြုံးပြနေတဲ့ကောင်လေးကို တွေ့လိုက်ရတဲ့အချိန်က သူ့ဘ၀အတွက် ဂုဏ်ယူရတဲ့အချိန်တစ်ခုလိုဘဲ။
ဘန် ငြိမ့်ကို မင်းသားတစ်ပါးလို လက်လေးကမ်းလိုက်ပြီး
ပြုံးပြစွာ လက်ကိုကိုင်လိုက်ပြီး အိမ်လေးရဲ့အပြင်ဘက်သို့ ထွက်လာခဲ့တယ်။ကျန်ခဲ့တဲ့ တာတီးတို့က အထီးကျန်စွာနဲ့ပေါ့။
"အားကျပါတယ် မရနိုင်တဲ့ဘ၀မလို့"
ကောင်းစေသူက နှာရှုံကာ ပြောလိုက်တယ်။တာတီးသည်လည်း မကျတဲ့မျက်ရည်တွေကိုအတင်းသုတ်ကာ
"သခင်လေး ပြောတာမှန်တယ် သခင်လေးက အရင်ဘ၀က
ကုသိုလ်တွေအများကြီးက ဒီဘ၀မှာ လူရွေးမှန်ခဲ့တယ်
ကဲ ငါတို့လဲကုသိုလ်လုပ်ကြရအောင်""ကောင်းတယ်"
ကောင်းစေသူလည်း တာတီးစကားကို နားထောင်လိုက်ပြီး
အားကျနေမဲ့အစားကုသိုလ်လုပ်တာ ပိုကောင်းတယ်။....................
တစ်ဖက်မှာတော့
ဘန် ငြိမ့်ကို နေရာတစ်ခုကို လက်ဆွဲကာ ရောက်ရှိလာခဲ့တယ်။"ဝါး ပန်းတွေ"
တောင်ကုန်းတစ်ခုပေါ်က အရောင်စုံလှတဲ့ နှင်းဆီပန်းခင်း။
ထပ်တူညီနေတဲ့ရင်ခုန်သံ။ငြိမ့်ရဲ့ ပျော်မြူးတဲ့အသံက ဒီပန်းခင်းကြီးကစတယ်။
ငြိမ့် ပန်းတွေကြား တိုး၀င်မိတယ်။
ပန်းတွေကြားထဲက ကောင်လေး။
ကောင်လေးကို မြတ်နိုးဖွယ်ကြည့်နေတဲ့ အမျိုးသား။ငြိမ့် ပျော်ရွှင်စွာ ခုန်စွခုန်စွနဲ့သွားပြီး နောက်မှာကျန်ခဲ့တဲ့ ဘန်ကို လက်ပြကာ သူ့ဆီလာခိုင်းသည်။တောင်ကုန်းထိပ်နားက
သစ်ပင်ကြီးအောက်မှာ ထိုင်စေတယ်။"ကိုကြီး အဲ့နှင်းဆီ တွေက ဘယ်တုန်းကစိုက်ထားတာလဲ"
"လွန်ခဲ့တဲ့ ၁၀နှစ်လောက်က"
"ကြာပြီ...လွန်ခဲ့တဲ့၁၀နှစ်က ကျွန်တော်တို့ စေ့စပ်ခဲ့ကြတာမှတ်လား"
![](https://img.wattpad.com/cover/354533830-288-k982338.jpg)
YOU ARE READING
Coffee With Honey (Complete)
Fanfictionကျနော် ပထမဆုံးရေးတဲ့၀တ္ထုလေးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ possessive ဆန်တဲ့ဟာတွေကို ကြိုက်မှဖတ်ပါ။ လိုအပ်တာတွေရှိရင်လည်း အားနာမတမ်းပြောနိုင်ပါတယ် နောက်ပြီးတော့ တချို့အခန်းတွေကို warning ပေးပါတယ်။