Part [27]🌺

405 17 0
                                    

ရှေ့နေကြီး ထွက်သွားသောအခါ ဒေဝီသီရီက

"ဟဲ့ မိကြွယ်"

"ရှင်" မိကြွယ်အပြေးလေးရောက်လာကာ

"ငါ့တို့အခန်းထဲက ကုတင်ဘေးမှာ လက်တော့ရှိတယ်... သွားယူပေးစမ်း"

"ဟုတ်ကဲ့"
မိကြယ်မြန်မြန်ယူမြန်မြန်ပေးကာ သွက်သွက်လေးထွက်သွားတော့၏။

သူမ သခင်တွေက စိတ်ကြည့်တာမဟုတ် သူမပါ ကြားက အဆူမခံနိုင်ပါ။

လက်တော့ကိုရတော့ လင်မယားနှစ်ယောက်လုံး ပူးထိုင်ကာ ကဒ်ကိုထိုးလိုက်တော့သည်။

အမွေအကုန် ဟိုအကောင်ကိုပေးပြီး သူတို့ကိုပြတဲ့ သက်သေမခိုင်လုံလို့ကတော့ သူမအကြောင့် ကောင်းကောင်းသိစေရမယ်လို့ ဒေဝီသီရီက စိတ်ထဲက ကြိတ်ဒေါသပုန်ထနေ‌သည်။

ကဒ်ထိုပြီးတဲ့ လက်တော့မျက်နှာပြင်တွင်အရင်ဆုံး ပေါ်လာသူက ဒေဝီထိပ်တင်ပင် သူမရောက်နေရာရဲ့အပြင်အဆင်ကိုကြည့်တာနဲ့ ဆေးရုံးအခန်းတစ်ခုဆိုတာ သိသာသည်။

ဒေဝီထိပ်တင်သည် ရောဂါနဲ့အသက်အရွယ်ကြောင့်သာမျက်နှာက ပရည်အနည်းငယ်တွန့်၍ ဖြူဖျော့နေတာကလွဲ မာန်အပြည့်ကင်မရာကို ကြည့်နေပုံက သူတို့အရှေ့တွင် သူမထိုင်နေပုံလိုပင်ထင်ရတယ်။

ထိုအကြည့်ကြောင့် ဒေဝီသီရီကျောချမ်းကာ ကိုယ်တောင်တုန်းသွားသည်။

ထို့နောက် ဒေဝီထိပ်တင်ရဲ့အသံကထွက်ပေါ်လာသည်။

"ဟက်! ငါ့ထင်ပါတယ် ငါခွဲဝေပေးမှုကို မကျေနပ်ဘူးဆိုတာ"

ဒေဝီထိပ်တင်သည် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

ဦးအောင်မျိုးကတော့ သူမိခက်စကားကြောင့် မျက်နှာကွပ်ကနည်းပျက်သွား၏။

"ငါ့ကလဲ ငါ့အခုမှတ်တမ်းတင်ထားတာကို မင်းတို့ကိုအရမ်းကြည့်စေချင်ခဲ့တာ...ကြည့်များကြည့်ပါမလားလို့ပေါ့...ငါ့စိတ်ပူစရာမလို့ပါဘူး မင်းတို့ကြည့်မယ်ဆိုတာ ကြိုတွက်ထားလိုလေ"

"ဒီဟာကို မင်းတို့ကြည့်ပြီးဆို ငါ့ခွဲပေးတဲ့ အမွေကို လက်မခံနိုင်လိုဆိုတာ သိပါတယ်...ကဲ့! ငါ့နောက်ထပ်ပြောမယ် စကားတွေအတွက် အောင်မျိုး မင်းစိတ်ခိုင်ပြီးလား?..ဟမ်!"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Nơi câu chuyện tồn tại. Hãy khám phá bây giờ