Part [37]🌺

471 35 2
                                    

ဒေဝီသီရီသည် မေ့သွားရာမှာ သူမပြန်လည်သတိရသက်သာလာသောအခါ ဘေးတွင်ငိုညည်းသံ၊အသံရဲ့ရဲ့လေးကြား‌ရသောကြောင့် မျက်လုံးများကို အားယူဖွင့်ပြီး အသံလာရသို့ ဖြေးညှင်းစွာလှည့်ကြည့်မိ၏။

ယမင်းရွှေလွှာသည် မျက်နှာတစ်ခုလုံးနီရဲနေသည်အထိငို‌နေရင်းမှာ သူမအမေမျက်လုံးများ ပွင့်လာသည်ကို တွေ့လိုက်ရာ အားကိုးရာတွေ့သကဲ့သို့ ဝမ်းသားအားရ ခေါ်လိုက်သည်။

"အမေ!...အမေသတိရလာပြီလား...သက်သာလာ အမေ။"

ဒေဝီသီရီသည် ခဏမျက်လုံးကိုပြန်မှိတ်၍ ပြန်ဖွင့်ပြီး သူမသမီးကိုကြည့်ကာ ခြောက်ကပ်နေသော အသံဖြင့်

"ကို....ကိုအောင်ရော..."

အမေဖြစ်သူနုတ်က ထွက်ပေါ်လာသော အမည်ကြောင့် ယမင်းရွှေလွှာ ထပ်မံအော်ငိုပြန်တယ်။

ဒေဝီသီရီသည် သူမသမီး ငိုသောကြောင့် ရင်ထိပ်၍ ကြောက်လန့်သွားသည်။

"ဘာဖြစ်တာလဲ?!... ဟဲ့! ဘာဖြစ်တာလဲလို!"

ထိုအခါမှာ ယမင်းရွှေလွှာသည် ငိုသံများကြာက သူမအသံထွက်လာသည်။

"အဖေက...မဟုတ်ဘူး အဖေမဟုတ်တော့ဘူး...အဲ့လူ...အဲ့လူက သမီးတို့အဖေမဟုတ်ဘူး။ အမေ!...အမေသတိမေ့နေသွားတုန်းက အိမ်ကို ရဲတွေရောက်လာတယ်..."

စကားခဏရပ်သွားကာ ယမင်းရွှေလွှာ၏ ငိုသံက ကြီးစိုးသွားပြန်တယ်။

"ရဲတွေက ဘာလာလုပ်တာလဲ?...နင်! ငိုမနေနဲ့ ငါ့ကို သေချာပြော"

ယမင်းရွှေလွှာ၏ပုခုံးကိုကိုင်၍ ဒေဝီသီရီက လှုပ်ခါ၍ မေးနေသည်။

"သူတို့က...အစ်ကို့ကိုလာဖမ်းတာတဲ့...ကုမ္ပဏီငွေ အလွဲသုံးစားမှုနဲ့ လာဖမ်းကြတာတဲ့ အမေ!..."

"ဘာ!! မဖြစ်နိုင်တာ"

ယမင်းရွှေလွှာက ခေါင်းညိမ့်၍

"ဟုတ်တယ်...သူတို့က စာချုပ်စာတန်းတွေနဲ့အတူ ရောက်လာပြီး အစ်ကို့ကိုခေါ်သွားတာ။"

ဒေဝီသီရီသည် သားသတင်းကိုကြား၍ လက်များတုန်ရီကာ

"သူကော...သူ..ကိုအောင်ရော"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Où les histoires vivent. Découvrez maintenant