လမင်းကြီးထိန်ထိန်သာတဲ့ ည လေးမှာ တိတ်ဆိတ်ပြီ အေးချမ်းတဲ့လေများလဲ တစ်ဖြူဖြူတိုက်နေ၍ အလွန်ကိုမှာ နေလို့ကောင်းပါသည်။
တိတ်ဆိတ်နေတဲ့ သူရိန်ထွန်းမောင်ရဲ့ ခြံထောင့်ရှိ ဒန်းပေါ်တွင် တိမ်ယံတစ်ယောက် ညဝတ်အင်္ကျီအဖြူအစင်းကျားလေးဝတ်ထားပြီး အပေါ်တစ်ထပ်တွင် ဆွယ်တာအနွေးထဲလေးပါးပါးလေးတစ်ခုဝတ်ထား၏။ ဆံပင်များကို အရှေ့ဘေးဘက်သို့ အကုန်စုပြီး ဖြေချထာသည်။
တိမ်ယံ ဒန်းပေါ်၌ ထိုင်နေပြီး ဟိုတွေးဒီတွေးနဲ့ အတွေးနယ်ချဲ့မိလို့နေ၏။
တွေးနေစဉ်သူ အရှေ့သို့အရိပ်တစ်ခု ကျလာသောကြောင့် ခေါင်းကိုမော့ကြည့်လိုက်တော့ သူလို့ ညဝတ်အင်္ကျီကိုမှာအမဲလေးပေါ် အနွေးထည်ထပ်ဝတ်ထားပြီး သူကိုပြုံး၍ ငုံ့ကြည့်နေသော အစ်ကိုထွန်းမောင် ပင်ဖြစ်သည်။
သူရိန်ထွန်းမောင် , တိမ်ယံကို ပြုံးပြပြီ တိမ်ယံ ဘေးက လွတ်နေတဲ့ နေရာလေးသို့ ဝင်ထိုင်လိုက်ပြီး၊
"အိမ်မပျော်လို့လား?!"
"အင်း နည်းနည်းမျက်စိကြောင်နေတာနဲ့ ခြံထဲ လမ်းခဏဆင်းလျှောက်လိုက်တာ။ ဒါနဲ့ အစ်ကိုထွန်းမောင်က ကော?"
"ကိုယ်က လည်း အိပ်မပျော်ဘူး ဒါပင်မဲ့ ခြံထဲ တိမ်ယံကိုတွေ့လိုက်တာကြောင့် ဆင်းလာတာ"
ဟုဆိုကာ ပြန်ဖြေ၍ နှစ်ဦးကြား စကားများဖြတ်သွားပြီး ဘာပြောရမှန် နှစ်ယောက်လုံး မသိတော့ပေ။
တိမ်ယံနဲ့ သူက ယူတော့မဲ့သူတွေဆိုပင်မဲ့ အဲ့လောက် တစ်ရင်းတစ်နှီးသိပ်မရှိပေ။ များသောအားဖြင့် မဂ်လာဆောင် ကိစ္စများဖြင့်သာ နှစ်ယောက်သား စကားများများပြောကြတာများသည်။
တကယ်တကယ်ပြောဟေ့!ဆိုရင် ဘယ်ကဘယ်လို့ စကားရှာရမှန်းမသိပါ။
တိမ်ယံ တိတ်ဆိတ်သွားသော အစ်ကိုထွန်းမောင် ကြည့်လိုက်သည်။
အစ်ကိုထွန်းမောင်က အရပ်ကလည်းရှည်သည်၊ ခန္ဓာကိုယ်ကလည်း တောင့်ဖြောင့်ပြီး ကြည့်ကောင်းတယ်၊ ပြီးတော့ ယောင်္ကျားဆန်းသော မျက်ခုံးထူထူ၊ မျက်လုံးအကြည့်များ စူးရှပြီ၊ နှာတံမြင့်မြင့်တွင်ဖြောင့်စင်း၍နေသည်။ သေသက်လှသော တင်းတင်းပိတ်ထားတက်သော မတူမပါး နှုတ်ခမ်းတစ်စုံနဲ့ ယောင်္ကျားဆန် လေးထောင့်ပုံမေးရိုးများကလည်း အစ်ကိုထွန်းမောင်ရဲ့ ချောမောပြီး ယောင်္ကျားဆန်မူကို ပံ့ပိုး ကူညီလို့ပေးထားသည်။ အသားအရမ်းဖြူတဲ့ထဲမပါပင်မဲ့ ဝင်းဝါလို့နေပါ၏။
ESTÁS LEYENDO
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]
Romanceဒီ fic သည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို 🌈နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ Kay✍️