Part [4]🌺

987 43 0
                                    


သူရိန်ထွန်းမောင်, အလုပ်စားပွဲထိပ်က နာရီကို တစ်ကြည့်ကြည့်လုပ်နေမိသည်။ဒီနေ့မှာ အလုပ်ချိန်တွေက နှေးတယ်လို့ဘာလို့ သူခံစားနေမိပါလိမ့်။

4နာရီခွဲ ဒေါင်ဆိုတာနဲ့ သူရိန်ထွန်းမောင် ,တစ်ယောက် တက်ကြွတဲ့ ကြက်ဖ ဖြစ်လို့ စားပွဲက သူပစ္စည်းများကို အမြန်သိမ်းစဲပြီ အိမ်ပြန်ဖို့ အလွန်အလွန်တက်ကြွပါတယ်။

သူရုံးခန်းတံခါးဖွင့်ပြီး အပြင်ထွက်လာတော့ ဝင်ပေါက်ရှေ့က စားပွဲမှာ အလုပ်ကြောင်း ဆွေးနွေးနေတဲ့ ဥက္ကာဦး နဲ့ ဇွဲသူက သူကိုမြင်တော့ ကြောင်သွားပီ...မင်းခ ကိုတော့ မတွေ့ ဆိုက်ထဲသွားဟန်တူသည်။

ဇွဲသူ "အပြင်သွားမို့လား သူရိန်"

"No, အိမ်‌ပြန်တော့မလို့"

ဥက္ကာဦး "ဖာ့ခ် သားကြီးမင်းအချိန်မှားလာတာလား? မင်းဒီအချိန်ဘယ်တုန်းက အလုပ်ဆင်းဘူးလို့လည်း?"

ဇွဲသူ "ဟုတ်ပကွာ အလုပ်သရဲ သူရိန်က 6နာရီထိုးမှ အလုပ်ဆင်းနေကြကို"

"ငါဘာသာငါ ဘယ်အချိန်ဆင်းဆင်းမင်းတို့အကြောင်းလား မင်တို့တောင်စောစောအမြဲဆင်းသေးတာ ငါကမဆင်းရဘူးလား ဆင်းတော့ဘာဖြစ်လဲကွာ မင်းတို့နဲ့စကားပြောတာ လေကုန်တယ် သွားပီး"

ဥက္ကာဦး "ဟားးးဟားး ဟားး မင်းရိုးမှာရိုးသေးရဲ့လား ငါကောင်ကြီးသူရိန်ရေ!....ဟားးဟားး"

ဥက္ကာဦးပြောတော့ ဇွဲသူကပါ အော်ရီပီ၊

ဇွဲသူ "လူပျိုးကြီး သူရိန်မရိုးတော့ဘူး ဟေ့, ဟေ့ကောင် ငါတို့ မရီးနဲ့တွေ့နေရင်လည်း မိတ်ဆက်ပေးအုံးနော် ရှိုမထားနဲ့ လိုက်နေတုန်းဆိုရင်လည်း အကူအညီလိုရင် ငါတို့ကိုပြောနော် ဝိုင်းအကြံပေးမယ် ပြတ်ဖို့ကို ဟားးးဟားးးဟားး"

ဥက္ကာဦး "ဟားးးးဟားးးဟားး ဟုတ်တယ်"

သူကို ဝိုင်းလှောင်ပြီး အူတက်အောင်ရီနေတဲ့ နှစ်ကောင်ကို ဝန်ထမ်းများတစ်ချို့ရှိလည်း ဂရုမစိုက်ဘဲ လက်ခလယ်ကိုနှစ်ဖက်ထောင်ပြပီး ဆဲလိုက်တော့သည်။

သူရိန်ထွန်းမောင်,ကားရပ်ထားတဲ့နေရာကိုထွက်လာပြီး ကားပေါ်တက်ပြီး ဘာလို့အိမ်အရမ်းပြန်ချင်နေဆိုတဲ့သူစိတ်ကိုနားမလည်း နားလည်းအောင်လည်း မစဉ်းစားတော့ဘဲ အိမ်ကိုတန်းအောင်ပြန်လာခဲ့တော့သည်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Tempat cerita menjadi hidup. Temukan sekarang