တိမ်ယံသည် ညကဘယ်လိုဘယ်ပုံနှင့်ပြီးသွားလဲမသိပါ။သူပေါ်တစ်ယောက်ယောက်က သေးငယ်သောခွန်အားဖြင့် ဖိလာသည်ကိုခံစားလိုက်ရတာကြောင့် တိမ်ယံအနည်းငယ်နိုးလာသည်။ထို့နောက်အသံတစ်ခုက ညင်သာသောစွာဖြင့် သူ့ပေါ်ဖိထားသော အရာလေးကိုလှမ်းဆွဲကာ"သားရေ...သားဖေဖေအိပ်ပါစေကွာ။"
"အဲ..."
"ဘာမှာမအဲနဲ့မင်း...မင်းကိုမင်းအဘွား နို့ဖျော်တိုက်ထားသေးတာလေ၊အခုဒီရောက်တော့ ငါမိန်းမဆီကပါ ထက်သောက်မယ်ဆိုတော့ မင်းမလွန်ဘူးလား ကွဟမ်!"
သူရိန်သားဖြစ်သူကို ပြောပြီးတိမ်ယံပေါ် တစ်ဝက်ဖိထားသော ဒီကောင်လေးခန္ဓာကိုယ်ကိုလှမ်ဆွဲလိုက်တော့ သူ၏လက်သေးသေးလေးများက တိမ်ယံအင်္ကျီကို ကျစ်နေအောင်ပြန်ဆွဲထား၍ သူရိန်ဆီမလိုက်ချင်ဟန် ငြင်းစံနေသည်။
ထိုကောင်လေးကြောင့် သူရိန်သည်အသာရယ်၍ တိမ်ယံဆီက ဆွဲခွာလိုက်သည်။
ဒါကိုမကျေနပ်ဟန်ရှိသော ဘုန်းခန့်လေးကမျက်မှောက်ကြီးကြုတ်ကာ အသံသေးသေးလေးများထွက်၍ သူရိန်ကိုရန်တွေ့နေသည်။သူရိန်သည် သူ့သားပုံကိုပျော်ရွှင်စွာကြည့်၍ ရယ်နေလိုက်သည်။
တိမ်ယံသည် ရုတ်တရက်နိုးသွားသောကြောင့် ခေါင်းနည်းနည်းမူးနေတာပြီး ထိုအသံများက သူ့နားထဲဗလုံးပထွေးသာကြားရ၏။
ခဏနားပြီးမှေးလိုက်တော့ သား၏အသံစစလေးနှင့်အစ်ကိုရဲ့တိုးဖွဖွရယ်သံများကို ရှင်းလင်းစွာကြားရသည်။
သူ့မျက်လုံးဖွင့်ပြီး ဘေးကိုကြည့်လိုက်တော့ အစ်ကိုပေါင်ပေါ်မှာ ဘုန်းခန့်လေးက အသံတွေထွက်ပြီး ဘာတွေပြောနေမှန်းမသိ။
သားဖြစ်သူကိုကြည့်ပြီးရယ်နေသော သူရိန်က ဘေးကလှုပ်ရှားမှုကြောင့် ကြည့်မိတော့ နိုးနေပြီးဖြစ်သော တိမ်ယံကိုတွေ့လိုက်သည်။
သားကိုသူတို့နှစ်ယောက်ကြာချလိုက်ပြီး တိမ်ယံဘေးတိုး၍ အခုမှနိုးထလာချင်ကြောင့် မျက်နှာပေါ်တွင် အနည်းငယ်ရှုပ်ပွနေသော တိမ်ယံဆံပင်ရှည်တစ်ချို့ကို ဖယ်ပေးကာ တိမ်ယံ၏ပါးနုနုလေးကို ပွတ်သက်ပြီး ပြုံးလိုက်ကာ
BẠN ĐANG ĐỌC
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]
Lãng mạnဒီ fic သည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို 🌈နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ Kay✍️