Part [13]🌺

878 38 0
                                    


နောက်ရက်များတွင် တိမ်ယံဆိုင်ကိုတရားဝင်ဖွင့်လစ်နိုင်သွားခဲ့သည်။
ဆိုင်ဖွင်ရာတွင် အကိုသူငယ်ချင်းများနဲ့ ဖြူငြိမ်းတို့တွေလဲ သူကိုဝိုင်းကူကြ၍ အလုပ်အရမ်းမရှုပ်တော့ပေ။

ဆိုင်အတွက်ဝန်တမ်းကို၂ယောက်သာအရင်းခန့်ထားပြီး ဆိုင်ရောင်းရ အားပေါ်မူကာ ထပ်ခန့်မည်ဟု သူဆုံးဖြတ်ထား၏။

အရာအားလုံးအဆင်ပြေပင်မဲ့ အဆင်မပြေသူမှာ တိမ်ယံပင်ဖြစ်သည်။

ဘာကြောင့်ဆိုသော် ထိုနေ့ 'ဦးမင်းသူ'အသံကြားပြီးထဲက သူအိပ်ကောင်းချင်းမအိပ်နိုင်စားကောင်းချင်းမစားနိုင်တွေဖြစ်ကာ စိတ်နဲ့လူနဲ့ သိပ်မကပ်။

သူအ‌ပြင်တောင်သိပ်မထွက်ရဲပေ။ ဆိုင်အသွားအပြန်ကို အကိုကားနဲ့သွား၍ ဘယ်အပြင်မှာမထွက်ပါ။

အကယ်၍များ တွေ့သွားရင်ဆိုတဲ့ စိတ်ကြီးက သူကိုစိုးမိုးနေ၍ အရာရာကိုကြောက်လန့်နေရသည်။

ဆိုင်ကလဲဖွင့်ထားတာရက်ပိုင်းပဲ ရှိသေးတော့ ဆိုင်လဲကြည့်ရနဲ့ သူတစ်ဖြေးဖြေးအစားအသောက်မမှန်ချင်‌။

အခုသူဆိုင်ကို အကိုကားနဲ့ သွားသည့်လမ်းတွင်ရှိသေး၏။

တိမ်ယံ ကားဘေးကမှန်မှာတစ်ဆင့်အပြင်ကိုကြည့်နေပင်မဲ့ စိတ်အားရုံများက အခြားနေရသို့ရောက်ရှိနေသည်။

........

သူရိန်ထွန်းမောင်ကားမောင်းနေရင်နဲ့ တစ်ချက်တစ်ချက် တိမ်ယံကို လှမ်းကြည့်နေမိသည်။

တိမ်ယံစိတ်နဲ့လူနဲ့ မကပ်တာကို သူသတိထားမိတာအတော်ကြာပြီ။

တစ်ခါတစ်လေဆိုကြောက်လန့်နေတာမို့ဖြစ်နေပြီး၊ တစ်ခါတစ်လေကျရင်လဲ ငေးငိုင်နေတာတို့၊အတွေးတွေလွှင့်နေတာမျိုးတွေဖြစ်နေတတ်၏။

ဘာဖြစ်နေတာလဲလို့? မေးချင်ပင်မဲ့ ဒီရက်တွေအတွင်း ဆိုင်ဖွင့်တာနဲ့ အပြီသက်ဆွဲရမဲ့ ဒီဇိုင်းတွေကြောင့် အလုပ်ရှုပ်ရင်းနဲ့ မမေးဖြစ်လိုက်ရ။

တိမ်ယံကို ပစ်ထားသလို့ဖြစ်နေတယ်ဆိုတဲ့ အတွေးကဝင်လာပြန်တော့ သူ့ကိုယ်သူစိတ်ဆိုးဒေါသထွက်မိတယ်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Hikayelerin yaşadığı yer. Şimdi keşfedin