Part [11]🌺

881 43 2
                                    


မနက်ခင်းစောစောတွင်...

တိမ်ယံတစ်ယောက် မီးဖိုချောင်းတွင်တစ်ကုတ်ကုတ်နဲ့အလုပ်ရှူပ်လို့နေပါတယ်။

တိမ်ယံ မနက်စားကို အစောကြီးနိုးနေ၍ ထပြင်ဆင်နေချင်ပင်။ အဘယ်ကြောင့်ဆို သူ
မနေ့ကညထဲကမအိပ်ပျော်ပေ... ။ဒီလိုအနမ်းခံရပြီ သူစိတ်ပါနေချင်ကိုလဲရှက်ပြီး။တစ်ခါမှာ အခြားသူထိတွေ့ကိုင်တွယ်ချင်မခံဘူသောကြောင့် အစ်ကိုထွန်းမောင်ရဲ့အထိအတွေ့ကိုခံရပြီးထဲက ရင်ထဲတစ်လှပ်လှပ်နဲ့ နေမထိထိုင်မထိဖြစ်ကာ ညကနေအခုထိလုံးဝအိပ်ပျော်တော့ပါ။

ထိုကြောင့် မိုးမလင်းခင်ထားပြီး အိမ်သားအားလုံးစားလို့ရအောင် ထပြီးစားစရာပြင်ဆင်လိုက်တော့သည်။

ဒီနေ့တိမ်ယံ အကိုဝယ်ပေးထား ဂါဝန်အင်္ကျီ‌ဒူးကျ‌အဖြူလေးပေါ်အနီပန်းပွင့်သေးသေးတွေပုံဖော်ထားတဲ့ဂါဝန်လေးကိုဝတ်ထားကာ ဆံပင်လေးကို ခက်မြင့်မြင့်ချည်ထုံးထားလိုက်သည်။

မနက်စောစောမျက်နှာပြောင်နဲ့ဆို အရီးလေးစိတ်ကွပ်မှာကြောက်သောကြောင့် ရှင်မတောင်သနပ်ခါးဘူးထဲက သနပ်ခါးပါးပါးလေးလူးထားလိုက်သည်။

သူအားလုံးပြင်ဆင်ပြီးသောအခါတွင် ဒေါ်လေးနဲ့အရီးတို့က အချိန်ကွက်တိ မီးဖိုချောင်းက စားပွဲရှိရာသို့ရောက်လာခဲ့သည်။

ဒေါ်ရွှေခင် "အယ်!ကလေး အစောကြီးနိုးနေတာလား?...မနေ့ကမဂ်လာဆောင်မှာ ပင်ပန်းထားတာနားမှာပေါ့ကွယ်"

"ရပါတယ်.. ဒေါ်လေးရဲ့ ဆက်မအိပ်ချင်တာနဲ့ ထလိုက်တာ ပြီးတော့ တိမ်ယံသိပ်မပင်ပန်းပါဘူး"

လိုအပ်တာလေးတွေ ဖြည့်ရင် ‌တိမ်ယံပြန်ဖြေလိုက်၏။

အရီးလေး" ဒီကလေးနဲ့ ဘာဒေါ်လေးလည်း ကိုယ်ခင်ပွန်းရဲ့အမေဆိုပင်မဲ့လည်း ယူပြီးသွားတော့ ကိုယ်အမေပဲပေါ့။ ဒေါ်လေး၊ဒေါ်လေးနဲ့ သူစိမ်းအရမ်းဆံတာဘဲ အမေအရင်းမဟုတ်ပင်မဲ့လဲ ယောက္ခမလည်း ကိုယ်အမေအရင်းနဲ့ခြားပါဘူး"

အရီလေးစကားကြောင့် တိမ်ယံကြောင်ကြောင်လေး ဖြစ်လို့နေမိတယ်။

ဟုတ်လည်းဟုတ်ပါတယ်...အရီးလေးပြောတာလည်းမှန်ပါသည်။ သူဒီအိမ်စရောက်ထဲက ဒေါ်လေးကဘဲ
အမေနဲ့မခြားအရာရာကြည့်ရှူ့စောင့်ရှောက်အားပေးခဲ့တာ!

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Où les histoires vivent. Découvrez maintenant