Part [35]🌺

516 34 0
                                    

သားမွေးပြီးတစ်ပတ်ခန့်တွင် သားကလမစေ့ပဲမွေးလာပင်မယ့် ဘာရောဂါလက္ခဏာမှာမရှိသော်ကြောင့် ဆေးရုံစောစောဆင်းရတယ်။ စိုးရိမ်းလွန်တဲ့ အကိုကတော့ သူ့ကိုရော၊သားကိုပါ၊စိုးရိမ်လို့ တစ်ပတ်ကျော်ကျော်ဆေးရုံမှာထက်နေလိုက်ရပြီးမှာ အိမ်ပြန်ခွင့်ရတော့သည်။ စိုးရိမ်လွန်သော အကို့ကိုတော့ အပြစ်မမြင်ရပ်၍ သနားစိတ်‌တောင်ဝင်မိသည်။

ဒီဖြစ်ပျက်က အကို့ကိုစိုးထိပ်သွားစေသောကြောင့်ပင်။

အိမ်ရောက်တော့ ကလေးပစ္စည်းဘာမှာဝယ်စရာမလို၊ အကိုသူ့ငယ်ချင်းအုပ်စုက သူဆေးရုံဆင်းလို အိမ်ရောက်တုန်း ပစ္စည်းအစုံလင်နှင့်ရောက်ချလာသည်။

တိမ်ယံမှာ ရင်ထဲနွေးထွေးသွားကာ ပြောစရာစကားပင်မရှိတော့ပါ။လောကမှာ ဒီလိုအသိမိတ်ဆွေမျိုး ရဖို့တင်ခက်ခဲတယ်မဟုတ်လား။

ရက်သားလေး သားကိုဝိုင်းချီချင်ပင်မယ့် အသားလေးတွေနာသွားမှာဆိုးလို့ သစ်သားပုခက်ထဲကသားကိုပဲ ဝိုင်းကြည့်ကာ ပါးလေးတို့လိုက် လက်ကလေးကိုင်လိုက်နှင့်ချော့မြူပြီး ပြန်သွားကြသည်။

ဖြူလေးကတော့ မပြန်ချင်ရှာပါ။ ကလေးကို သံယောဇဉ်မပျက်ကြည့်နေသောကြောင့်
သူ့မ‌ယောင်္ကျားဇွဲသူက ဆွဲခေါ်သွားရတယ်။

ညဘက်တွင် တိမ်ယံတို့အခန်းလေးထဲ စကားသံနှင့်ကလေးမြူသံများ ပဲ့တင်နေ၏။

ဒေါ်ရွှေခင်သည် ပုခက်ထဲက သူ့မမြေးလေးကိုကြည့်ကာ

"အိုး...မြေးက ဘွားကိုရယ်ပြနေတာလား"

ပုခက်ထဲမှာ ကလေးငယ်သည် သူရှေ့က လူကိုပြူးကြောင်းကြောင်းကြည့်၍ လက်ဟန်လုပ်ပြနေသောအမူရာကြောင့် ပြုံးရယ်လာသည်။

"ခစ်! ခစ်!!"

"အိုတော် ငါ့မြေးကချစ်ဖို့ကောင်းလိုက်တာ အသည်းယားလွန်းလို မင်းကို အဘွားဖက်နမ်းမိတော့မယ်"

ကုတင်ပေါ်က တိမ်ယံကတော့ ဖြူလေးတို့ပေးသွားသော ကလေးအဝတ်စားများကိုသေချာခေါက်ရင်း အမေနှင့်သားလေးအသံကို နားထောင်းကာ ပြုံးလိုက်တယ်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Where stories live. Discover now