Part [42]🌺

397 40 2
                                    

နောက်တစ်နေ့ မနက်စောစောတွင် တိမ်ယံ၏မွေးရပ်မြို့လေးဆီ သွားဖို့ပြင်တော့သည်။အခုသွားမည် ခရီးကတစ်နေ့လုံးမို့ သားကိုထားခဲ့ဖို့က မဖြစ်နိုင်။မ‌နက်စောစောနိုးခံလိုက်ရသော ဘုန်းခန့်လေးက စိတ်မကြည့်မသာဖြင့် ဆူပုတ်နေတော့သည်။

ထို့နောက်သူတို့အားလုံးပြင်ဆင်ကာ သူရိန်ကားပေါ်တက်လိုက်သည်။စိတ်မကြည့်ဖြစ်နေသော ဘုန်းခန့်လေးကိုတော့ သူ့အဘွားကပါးတွေဖတ်နမ်းနေသည်။

"အဘွားမြေးလေး အဘွားကိုပြုံးပြပါအုံးကွယ်"

ဘယ်လိုလုပ်လုပ်ဆူပုတ်မြဲ ဘုန်းခန့်လေးက သူ့အိပ်ရေးမဝလို့ မျက်မှောက်ကြီးကြုတ်နေတော့သည်။

ဒေါ်ရွှေခင်က သူ့မမြေးပုံစံကြောင့်ရယ်မိတော့သည်။ထို့နောက် ကားရှေ့ခန်းတွင်ထိုင်နေသော တိမ်ယံလက်ထဲ ကလေးကိုပေးလိုက်ကာ

"လမ်းခရီးမှာဂရုစိုက်ကြ...ကလေးကိုလည်းအစားစားချိန်မမေ့နဲ့မင်းတို့ကောပဲ"

"ဟုတ်ကဲ့ အမေ"

တိမ်ယံ သားလေးကိုပွေ့ထားရင်း ပြန်ဖြေလိုက်သည်။

"အေး...အေး ထွေထွေထူးထူးမှာစရာမရှိတော့ပါဘူး။ခဏပဲသွားမှာ ဂရုစိုက်ကြလိုပဲ ပြောနိုင်တော့တယ်"

သူရိန်က ကားစက်နိုးလိုက်ကာ ပြောလိုက်သည်။

"ဒါဆို ကျတော့‌တို့သွားပြီးနော်။အမေလဲ အိမ်မှာဂရုစိုက်နေ"

"အေးပါ။ မြေးရေ တာ့တာ့..."

တိမ်ယံ အခုထိဆူပုတ်နေသည့် သားလက်ဝကစ်ကစ်လေးကို ကိုင်ကာ အမေကိုလက်ဝေ့ရမ်းပြလိုက်သည်။

ဤသို့ဖြင့်သူ့တို့ကားလေးသည် မြို့တစ်ခုဆီသို့ ခရီးထွက်မောင်းနှင်လာတယ်။ ဘုန်းခန့်လေးသည် အိပ်ချင်စိတ်မပြေသေးပင်မဲ့ ကားမောင်းနှင်ရွေ့လျားမှုကြောင့် ပတ်ဝန်းကျင်ကိုစိပ်စုလိုမှုဖြင့် လိုက်ကြည့်နေသည်။ 

တိမ်ယံသားကို အပင်များ၊လူများကိုသေချာမြင်ရအောင်ချီပင့်ထားတယ်။ထိုနောက် စိတ်ဝင်တစားလိုက်ကြည့်နေသည်၊သားကိုပြုံးကာ

"မအိပ်ချင်တော့ဘူးလား?"

သူစိတ်ဝင်စားသည့်အရာများကို ကြည့်နေရသောကြောင့် သူ့စကားကိုမကြားဟန်ဖြင့် လည့်မကြည့်ပေ။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Nơi câu chuyện tồn tại. Hãy khám phá bây giờ