🎶လူကိုမြင်တိုင်း....မလုံမလဲ့နဲ့
သူအစဥ်လို ပြုံးတာ🎵သူဒီလိုပြုံးလေးတိုင်း မေ့ရင်ဖိုခဲ့
တာ... မေ့အသည်းရင်ထဲ
သူကြောင့်အချစ်ပိုကဲ🎶🎶လေပြေဆော်သွေး ညတိုင်း
ဂီတာသံပေးကာ🎶 ဒီအသံကို ကြားလေးတိုင်း ရင်မှာကြည်နူးတာ🎵🎶မေ့အတွေး ကမ္ဘာထဲ သူကြောင့်အမြဲလိုပဲ🎵
🎵ဂစ်တာသံလေး ရင်ထဲ သာယာကြည်နူးစရာ...🎶🎶🎶
သူရိန်သည် အိမ်ပြန်လမ်းတွင် စိတ်ညစ်စရာကြုံလာသော်လဲ အိမ်ပြန်ရောက်တော့ သူအခန်း၌ရှိနေစဉ် အခန်းထဲက ကြားလိုက်ရတဲ့ သီချင်းညည်းသံအေးအေးလေးကြောင့် ညစ်ညမ်းနေသော သူစိတ်လေးများ လေနဲ့အတူ လွင့်စင်လိုသွားသည်။
အခန်းတံခါးကို အသာဖွင့်၍ ကြည့်မိတော့။ သူကိုကျောပေးကာ ခေါက်ပြီးသား အဝတ်များကို ဗီရိုထဲထည့်နေသော ဗိုက်ကလေးကိုတွေ့လိုက်၏။
သူရိန်ပြုံးကာ အသာယာအထဲဝင်လိုက်ကာ လက်ထဲကအိတ်ကိုချပြီး ဗိုက်ကလေးနဲ့ အနောက်ကနေ ခါးလေးကို လှမ်းဖတ်သည်။
"အမေ!!" တိမ်ယံက အမှတ်တမှတ်ဖို့ လန့်သွား၏။
လှည့်ကြည့်စရာမလို့ ကိုယ်ယောင်္ကျားရဲ့ကိုယ်သင်းရနံကို ရလိုက်ရတာမို့ စိတ်အေးသွားသည်။
"အသံလေးဘာလေး ပေးပါလား?..လူကိုလန့်အောင်လို"
အနောက်ကနေ သူအရပ်ကြီးနဲ့အနည်းငယ်ကုန်းပြီး တိမ်ယံပုခုံပေါ်မေးတင်ကာ
"မင်းကကော ကိုယ်ဝင်လာတာမသိရအောင်လို့ ဘယ်တက္ကသိုလ်ကျောင်းသာကို လွမ်းနေတာလဲကွာ?... ဟမ့်"
တိမ်ယံ အသာရီလိုက်ကာ လုပ်လက်စကိုရပ်ကာ အနောက်လှည့်ပြီး အစ်ကို့ကိုပြန်ဖတ်၍
"လွမ်းစရာ ဘယ်တက္ကသိုလ်ကျောင်းသားမှ မရှိပါဘူး...ချစ်စရာ ဟောဒီက တိမ်ယံ ယောင်္ကျားကြီးပဲရှိတယ်"
ESTÁS LEYENDO
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]
Romanceဒီ fic သည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို 🌈နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ Kay✍️