Part [14]🌺

851 36 5
                                    

ဆေးရုံးကြီးဆီသို့ အရေးကြီးသုပ်ပြာနဲ့ ပြေးဝင်လာသော အမျိုးသမီးသည်။ သူမရဲ့သိက္ခာတွေဘေးဖယ်ပြီး မျက်နှာပျက်ယွင်းစွာနဲ့ ရောက်ချလာသည်။

ဒေဝီသီရီသည် ဒီနေ့သူမ၏ သူငယ်ချင်းမရဲ့ အိမ်တွင် ဝိုင်ထိုး၍ အချီကြီးပုံအောထိုးနေမိသည်။ ဒီလအတွင် သူမတို့မိသားစုလုပ်ငန်းများပြန်လည်အဆင်ပြေလည်ပတ်ခါ ဝင်ငွေများလဲ ဝင်လာမဆဲတစ်သဲသဲဖြစ်လာ၏။

ထိုကြောင့် သူမတို့မိသားစုကို ဓားကြိမ်းကြိမ်းထားသော ဦးမင်းသူ ဆိုသောလူကိုလဲ ဂရုစိုက်စရာမလို့သလို့ ငွေလဲမျက်နှာပြောင်စွာသွားယူ ချေငှားစမလို့အပ်တော့ပေ။

သူမယောက်ျား လုပ်ငန်းများ ပြန်ဦးမော့လာတော့ သူမလဲ ပြန်ပြီးဦးမော့ကျော့ကော့စွာ အထပ်တန်းလွှားထဲ လက်ပြန်ဖွားလာကာ ရင်ကျော့စွာနေထိုင်ရပြန်သည်။

ပြီးတော့ သူမတို့ကို ဓားကြိမ်းကြိမ်းထားသော ဦးမင်းသူကိုလဲ တိမ်ယံဆိုတဲ့ အကောင်ကိုပြန်တွေ့မှာ တင်တောင်းငွေဆိုပြီး အချီကြီးတောင်းဖို့တောင် စဉ်းစားထားလိုက်တယ်။

ဟုတ်တယ်လေ ဒင်းကသေမလောက်လိုချင်နေတဲ့ သူဘဲ သူမတို့ဘက်က တောင်းသလောက်တော့ပေးသင့်တယ်လို့ထင်သည်။

ဟိုအကောင်ကိုပြန်တွေ့မှာ သူမတို့မိသားစုကို‌ခြိမ်းခြောက်ထားသော ထိုလူကိုလဲ ပြန်လည်ချေမိုးပြအုံးမယ်လို့ သူမရင်ထဲတေးထားလိုက်၏။

အခုတော့ သူမထိုးထားတဲ့ ငွေတွေ အရှုံးနဲ့ကြုံးနေ၍ စိတ်တိုကာ ထပ်လောင်းနေမိခိုက်

သူမဘေးဖုန်းက ထပ်ခါထပ်ခါမြည်နေသောကြောင့် စိတ်ရှုပ်ခါ ယူကြည့်မိတော့ သူမသမီး 'ယမင်းရွှေလွှာ'လေးဖြစ်နေတော့ မဖြေချင်လို့လဲ မရပေ။ သူမသမီးလေးက သူမမျှော်လင့်ချက်နဲ့ရည်ရွယ်ချက်ဖြစ်ခါ မွေးထဲက သားနဲ့အမွှာဆိုပင်မဲ့ သူမ သမီးကို ရွှေလိုဥပြီးအမြင့်ဆုံးမှာထားအလိုလိုက်အကြိုက်ဆောင်ထားသူဖြစ်သည်။

သူမ ဖုန်းကိုင်ပြီး ချိုသာစွာဖြေလိုက်တော့ ဖုန်းခေါ်သူက သူမ သမီးမဟုတ်ဘဲ သမီးရဲ့သူငယ်ချင်းကောင်မလေးဖြစ်ကာ သူမသမီးက ဆေးရုံရောက်နေတာကို အကြောင်းလှမ်းကြားတာဖြစ်လို့ပြောတော့

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Où les histoires vivent. Découvrez maintenant