Part [34]🌺

464 37 2
                                    

စိုးရိမ်မှုအပြည့်ဖြင့် ဒေါ်ရွှေခင်တယောက် ဆေးရုံသို့ရေးကြီးသုတ်ပြာရောက်ရှိလာသည်။

သူ့မ အိမ်တွင်သူရိန်ဆီကဖုန်းလက်ခံရရှိချိန်က သူမသား၏ အက်ကွဲစိုးရိမ်နေသောသံနှင့် တိမ်ယံမွေးခန်းထဲရောက်ရှိနေသောအကြောင်း သိရချိန်တွင်ထိပ်ထိပ်ပြာပြာဖြစ်ခဲ့ရသည်။

သူမ ဆေးရုံကိုရောက်ရှိချိန်တွင် မှိုင်တွေသောမျက်နှာနှင့် ကြောင်ငေးသော သူမသားပုံစံကို မြင်လိုက်ရသဖြင့် မိခင်တယောက်ရဲ့နှလုံးသားကို ဆွဲညစ်သလို ခံစားသွားခဲ့သည်။

"သား...သူရိန်"

ခေါ်သံကြောင့် သူရိန်ခေါင်းထောင်ကြည့်ကာ အက်ရှသောအသံနှင့်

"အမေ!"

ကလေးငယ်ပမာ မိခင်ကိုတွေ့တော့ သူရိန်ငိုချင်လာသည်။ သူရင်ထဲ တိမ်ယံကိုဆုံးရှုံးမှာကြောက်စိတ်က ကြီးစိုးလိုမျက်ရည်အဖြစ်ကျချင်လာ၏။

သူ့ တိမ်ယံကို ကာကွယ်ပါမယ်လို့ ဂတိပေးခဲ့တယ်၊ ဒါပင်မယ် သူ့တိမ်ယံကို မကွာကွယ်နိုင်သလို ထိခိုက်နာကျင်နေတာကိုလဲ ဘာမှာမလုပ်နိုင်ပဲ ကြည့်နေမိခဲ့ရသည်။

သူ့ အတော်အသုံးမကျတဲ့ ကောင်ပဲ!! မင်းက ကိုယ်ချစ်ရတဲ့ သူကိုယ်တောင် မကာကွယ်၊လုံခြုံမှုမပေးနိုင်တဲ့ ကောင်!

ဒေါ်ရွှေခင် သူ့မသားအနားသို့သွားကာ ကြည့်မိတော့မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များဖြင့် တွေ့ရသည်

"ဘာဖြစ်တာလဲ?... မျက်နှာကဘာကြောင့် ဒဏ်ရာရထားတာလဲ?"

"ဘာမှာမဖြစ်ဘူး နည်းနည်းထိခိုက်မိတာ"

"ဘာ..ဘာမှာမဖြစ်ရမှာလဲ...! ဒီဒဏ်ရာတွေက နည်းနည်းထိခိုက်မိတဲ့ ဟာလို! ဘယ်သူကိုလာလိမ်နေရတာလဲ! မင်း!"

သူရိန်ဘာမှာ ပြန်မပြောပါ...

"‌ဆရာဝန်တွေက ဘာပြောလဲ?"

"ကိုယ်ဝန်က လမစေ့ပဲရေမွှာပေါက်တာဆိုတော့ စိုးရိမ်ရတယ်တည်း"

"ဘယ်ကြောင့် ရေမွှာကပေါက်သွားရတာလဲ? မနက်ကထွက်သွားတုန်းကတောင် အကောင်းပါ။"

ထိုအကြောင်းအရာကို မပြောချင်တဲ့အလား သူရိန်နှုတ်ဆိတ်နေသည်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Where stories live. Discover now