Part [30]🌺

413 17 1
                                    

မင်္ဂလာပွဲပြီးစီးတော့ သတိုးသမီးလက်ထဲက ပန်းကိုပစ်မယ်လုပ်တော့ လူအချို့နှင့် ဥက္ကာဦး၊မင်းခ၊ကြယ်စင်တို့က စင်အောက်ကနေ အလုရက် ပန်းစည်းကိုရဖို့ပြင်နေကြတယ်။

သူရိန်သည် ပန်းစည်းလုဖို့ပြင်နေတည်း ဟိုသုံးယောက်ကိုကြည့်ပြီး

"ဟေ့ မင်းတို့သုံးယောက်က ဘာဝင်လုပ်တာလဲ တကယ်မင်္ဂလာဆောင်မယ်သူတွေ ယူပါစေကွာ၊ ယူမယ်သူမရှိပဲ ပန်းစည်းရတော့ အလက်ကားဖြစ်တာပေါ့"

ဟုဆိုကာ သူအော်ပြောလိုက်တော့ သုံးယောက်လုံးရဲ့ ‌မျက်ထောက်နီကြီးတွေက ဒိုင်းကနဲ့ရောက်လာသည်။

"ကိုသူရိန်ကြီး ဒါကယူမယ်သူရှိမှ လုရတာမဟုတ်ဘူး။မရှိတဲ့သူ ယူလဲ ကိုယ်ဖူးစာရှင်တွေ့တက်နော် သိလား"

ကြယ်စင်က ထပြောလိုက်တော့ ဘေးက မင်းခက

"ဟုတ်တယ်။ ပြောပြလိုက် အဲ့မသာကို"

သတိုးသမီးက ပန်းပစ်ဖို့ အမှတ်စဉ်ခေါ်တော့သည်။

1! 2! 3!!!!!

3 ဆိုတာနှင့်ပန်းစည်းပစ်လိုက်တော့ ပန်းလှတည်း နောက်ဆုံးက အမျိုးသားတစ်ဦးဆီကိုရောက်သွားတော့သည်။

ထိုအမျိုးသားကလဲ ပန်းစည်ကိုရမယ်မထင်ထားပေ။ရသွားတော့လဲ သူရည်းစားကို အပြေးလေးဒူးထောက်ပြီး သွားပေးသည်။

ရှေ့ဆုံးကနေ အားတက်သရောလုနေတည်း ဟိုသုံးယောက်မျက်နှာတွေက ချက်ချင်းအိုကျသွားသည်။

သူတို့ကိုကြည့်၍ သူရိန်တို့တွေပွဲကျအောင် ရယ်တော့တယ်။မျက်နှာတည်နှင့်နေသော နိုလန်တောင်နှုတ်ခမ်းကော့တက်ယုံ ပြုံးသွားခဲ့သည်။

ဖြူလေးကရယ်ရလွန်းလို့ မျက်ရည်ပါဝဲသွားတယ်။

" တော်တော့အစ်ကို ကြယ်စင်စိတ်မကောင်း ဖြစ်သွားအုံးမယ်"

တိမ်ယံလဲ ရယ်နေတာအတင်းရပ်အောင်လုပ်ပြီး ဘေးက အကိုယ်ကိုပါ တားလိုက်၏။

ပန်းလုလိုမရတော့ သုံးယောက်လုံးစားပွဲထဲဝင်ထိုင်လာကြသည်။

သူရိန်ကရယ်၍

"မင်းတို့ကို ငါကြိုပါတယ် မယူပါနဲ့လို"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]حيث تعيش القصص. اكتشف الآن