Part [45]🌺

408 33 1
                                    

အေးချမ်းတိတ်ဆိတ်နေသည် ရပ်ကွက်ထဲသို့ကားတစ်ဆီဝင်ရောက်လာကာ အိမ်တစ်အိမ်ရှေ့သို့ ထိုးရပ်သွားခဲ့သည်။

ကားပေါ်မှာ သူရိန်သည်ဆင်းလာပြီး သူ့ရပ်လိုက်သည် အိမ်ရှိရာဆီကို ကြည့်လိုက်သည်။

ခြံလေးသည်အလွန်ကျယ်ဝန်းပြီး ခြံ၏အလယ်တွင်တော့ သစ်သားအိမ်လေးတစ်ရှိကာ ခြံဝန်းထဲကဆဲလည်းလေးများချိတ်ဆွဲထားဟန်ရှိသဖြင့် လေပြေအေးလေးတိုက်ခိုက်လိုက်တိုင်း ထွက်ပေါ်လားသော ဆဲလည်းသံလေးများက အေးချမ်းလွန်းလှတယ်။ခြံဘေးပတ်ပတ်လည်တွင်လည်း နှစ်ချို့သီးပင်စားပင်များရှိသောကြောင့် အရိပ်ရကာ အမှန်အေးချမ်းလှသောအိမ်လေပင်။

နောက်ထပ်ကားပေါ်က ဥက္ကာဦးကဆင်းလာကာ သူရိန်ဘေးသွားရပ်၍ အိမ်ကိုကြည့်ပြီး

"မင်းရှာခိုင်းလိုက်တဲ့အိမ်ပဲ။ဒါပင်မယ်မင်းလိုချင်တဲ့ပုံစံမျိုးတော့မရဘူး။ဒီခြံက ပေ၅၀ကျော်အထိကျယ်တယ်။မင်းက ပေ၂၀/၃၀ပဲပြောထားလေ ငါလဲရှာတာပဲ။ပြီးတော့မင်းက မင်းနဲ့မနီးလွန်းမဝေးလွန်းနေရာမှာဆိုတော့ ငါကအသိတွေနဲ့စုံစမ်းပြီး ရှာထားတာ ဒီနေရာကလွဲအခြားနေရာမရှိတော့ဘူး"

"အင်း"

"ဘာအင်းလဲကွာ...မင်းပြောတဲ့ပုံစံမဟုတ်ပင်မယ် ငါအထင်တော့...ဒီခြံလေးကမဆိုးဘူးလိုထင်တယ်။ကြည့်စမ်း အမြင်နဲ့တောင်ဘယ်လောက်အေးချမ်းလိုက်လဲ"

သူရိန်က ဥက္ကာဦးကိုတစ်ချက်ကြည့်လိုက်ကာ

"ပွဲခ ငါပေးပါမယ် မင်းပုံစံနဲ့ပွဲစားပုံ ဖမ်းမနေစမ်းပါနဲ့မင်းနဲ့မလိုက်ဘူး"

"ငါ_ိုး ခွေးကောင် ×ီးကိုပွဲခ ငါပွဲခရအောင် လုပ်နေတယ်များထင်နေလား..."

"ဟုတ်ပါပြီ...အခုအိမ်သော့ရှိလား အိမ်ထဲတစ်ချက်ဝင်ကြည့်ရအောင်"

ဥက္ကာဦးက ဘောက်ဆက်ဆက်ဖြင့် သူရိန်ဆီသော့ပစ်ပေးလိုက်ကာ ပြောလိုက်တယ်။

"ကြည့်ပြီးယူ၊မယူဆိုတာ တစ်ခါထဲကြိုပြော ဒီခြံပိုင်ရှင်က အရေးပေါ်ငွေလိုနေလို့ မြန်မြန်ထုတ်ရောင်းနေတာ မင်းမယူရင်နောက်လူမြန်မြန်ယူရအောင်လို့"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Où les histoires vivent. Découvrez maintenant