Part [32]🌺

429 30 4
                                    

သူရိန်သည် အတင်းဆွဲထားသော‌ သူ့သူငယ်ချင်းများလက်ထဲက လွတ်မြောက်လာမှ အသက်ပြင်းချမိတော့သည်။

ကျစ်! တော်တော်စကားများနိုင်တဲ့ကောင်တွေပါလာ...

ထိုနောက် တိမ်ယံကိုထားခဲ့သော ဝိုင်းကိုလှမ်းကြည့်မိတော့ ဟိုအနောက်နိုင်ငံသားဆိုသောလူမှာလွဲ တစ်ဝိုင်းလုံးဘယ်သူမှမရှိတာတွေ့တော့ သူရိန်ရင်ပူသွားသည်။

ကိုယ်ဝန်နဲ့မို့ လူများတည်းနေရာတွင် ထိခိုက်ဖြစ်မှာဆိုးလို့ မျက်စိအောက်ထဲထားရာမှာ ခဏပဲ မျက်စိလွဲရသေးတယ်...လူပါအရိပ်မမြင်ရတော့ဘူး။

စိုးရိမ်စိတ်နှင့်တိမ်ယံထိုင်တည်း စားပွဲဝိုင်းသွားကာ ခပ်လှမ်းလှမ်းကိုလိုက်ရှာကြည့်သည်။ဓာတ်ပုံရိုက်နေသော ကြယ်စင်ကိုယ်တွေ့မိတယ်။

သူရိန်သည် ကြယ်စင်နားအမြန်လျှောက်သွားပြီး

"ကြယ်စင် တိမ်ယံကော?"

ရုတ်တရက်အနားရောက်လာပြီ အမေးစကားကြောင့် ကြယ်စင်ကြောင်ပြီး သူတို့ထိုင်ခဲ့တည်း စားပွဲဝိုင်းကို လက်ညိုးလှမ်းထိုပြလိုက်တယ်။

"ဟမ်! မမတိမ်ယံက ဟို‌မှ....အယ်! ဘယ်ရောက်သွားလဲ ကြယ်စင်သေချာ အဲ့မှာထိုင်နေလိုပြောခဲ့တာပါ"

သူရိန်သည် ကြယ်စင်ကိုစိတ်မရှည်ဟန့်ဖြင့် ကြည့်ကာ ဖုန်းထုတ်၍ တိမ်ယံဆီဖုန်းခေါ်လိုက်သည်။ ဖုန်းကဝင်သွားပင်မယ့် ကိုင်သူမဲ့နေ၏။သူသည် ဖုန်းမကိုင်သောကြောင့် တိမ်ယံကို တော်တော်စိတ်ပူလာကာ မျက်နှာသည်လည်း ပျက်ယွင်းလာသည်။

သူမ အမှားလုပ်မိပြီးထင်ကာ ကြယ်စင်သည်လည်း လန့်ကာစိတ်ပူလာမိတယ်။

သူ့မမတိမ်ယံနားက ထွက်မသွားသင့်ဘူး။

သူရိန်သည် တိမ်ယံဖုန်းကိုဆက်ခေါ်လျက် သန့်စင်ခန်းနှင့်အခြားနေရာများ သွားရှာတော့လဲ...လူအရိပ်တောင်မတွေ့ပါ။ လူတစ်ယောက်လုံးပျောက်သွားတာကြောင့် လန့်နေတည်း ကြယ်စင်က မင်းခနှင့်ဥက္ကာဦးကို အတင်းဆွဲခေါ်လာ၏။

မင်းခနှင့်ဥက္ကာဦးတို့သည် သူရိန်အနာသို့ချက်ချင်းရောက်လာကြ၏။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Nơi câu chuyện tồn tại. Hãy khám phá bây giờ