Hello... everyone!!!
နေလ couple လေးလာပါပြီဗျာ။ ဒါက ကျွန်တော့်ရဲ့ Second fic ပါ။ My Kind-hearted Boyfriend ကို ဖတ်မယ်ဆိုရင် ကျွန်တော့်ရဲ့ First fic လေးဖြစ်တဲ့ Second Chance လေးကိုပါ ဖတ်ပေးပါ။ Second Chance က GL ပါ။ နေလ couple လေးက Second Chance က Side couple လေးမို့ မီရွှန်း couple လေးကိုပါ ဖတ်ထားပေးရင် ပိုကောင်းပါတယ်။ မီရွှန်း couple ကိုဖတ်ထားရင် နေလ couple ကိုဖတ်ရမှာဖြစ်သလို နေလ couple ကိုဖတ်ရင်လည်း မီရွှန်း couple ကိုဖတ်ရမှာဖြစ်ပါတယ်။ Fic နှစ်ခုက တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ဖတ်ရမှာပါ။ Second Chance လေးက my first fic လေးဆိုတော့ တကယ်ဖတ်ပေးစေချင်တယ်။
ကျွန်တော်ရေးတဲ့ Second Chance နဲ့ My Kind-hearted Boyfriend တွေမှာ ယူထားတဲ့အချိန်ကာလက မြန်မာနိုင်ငံမှာ Coup ကြီးမရှိတဲ့ ငြိမ်းချမ်းတဲ့အချိန်ကာလကို တမ်းတပြီးရေးထားတာကြောင့် လက်တလောအခြေအနေနဲ့ fic တွေထဲက အချိန်ကာလနဲ့ ကွာခြားနေပါတယ်။ Fic တွေထဲမှာ အေးချမ်းတဲ့ကာလကို ဖြတ်သန်းရမှာပါ။
ဒီဇာတ်လမ်းလေးထဲမှာ ပါဝင်တဲ့ ရွာလေးက အပြင်မှာမရှိပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ အညာဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့အနီးမှာရှိတဲ့ ရွာလေးတစ်ရွာလို့ပဲ သတ်မှတ်ပေးပါ။ ကျွန်တော်က ခရီးသိပ်မသွားဖြစ်ဘူး၊ ခရီးသွားဖြစ်ရင်လည်း သွားတဲ့နေရာဒေသကိုလည်း သိပ်မမှတ်တတ်တာကြောင့် နေရာအတိအကျမသိသလို၊ သူတို့နေထိုင်ပုံကိုလည်း မမှတ်နိုင်လို့ တကယ်ရှိတဲ့နေရာကို ရေးဖို့ကအဆင်မပြေပါဘူး။ နေရာဒေသကို ပေါ်လွင်အောင် ပုံမဖော်နိုင်ရင် ဖတ်ဖို့လည်း အဆင်မပြေဖြစ်နိုင်တာမို့ တကယ်တည်ရှိတဲ့နေရာကို မရေးတာပါ။
Second Fic ဖြစ်တဲ့အတွက် ကောင်းလား၊ ဆိုးလား ဝေဖန်အကြံပေးကြပါ။ အရေးအသားမကောင်းရင်လည်း ပြောပေးကြပါ။ အဲဒါတွေက ကျွန်တော့်ကို သင်ကြားပေးခြင်းပါ။ Vote ကတော့ Readers တို့သဘောပါ။ ကောင်းရင် ကောင်းသလို ဆုံးဖြတ်ပေးပေါ့။
YOU ARE READING
My Kind-hearted Boyfriend ( Completed )