မနက်ဖြန်ဆိုလျှင် ဘုရားပွဲစတော့မည်ဖြစ်၍ ရွာသူရွာသားတိုင်းလိုလို အလုပ်ရှုပ်နေကြသည်။ အပျိုချောလေးများက ၅ ယောက်တစ်စု၊ ၁၀ တစ်စုနှင့် အုပ်စုလိုက်မီးအိမ်လုပ်နေကြသည်။ ဆီစိမ်စက္ကူနှင့် ပြုလုပ်ထားသော မီးအိမ်လေးများက လေးထောင့်၊ အဝိုင်း၊ ကြယ်ပုံ စသဖြင့် ပုံစံအမျိုးမျိုးရှိကာ လှလှပပဖြစ်နေကြသည်။ ရိုးရားဓလေ့လေးတစ်ခုကို နှစ်စဉ်ကျင်းပနေသော်လည်း ရိုးအီမသွား၊ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောနဲ့ တက်ကြွလျက်သာ ရှိနေ၏။ နွေဝတီဖူး၏အိမ်တွင်လည်း ရွာသူလေးများရောက်နေကြ၍ ခက်မေရီမှာ ဗိုက်တကားကားနဲ့ စပ်စုနေလေသည်။ သူမှမမြင်ဖူးတာ။
အပျိုလေးများက အလုပ်ရှုပ်နေကြသလို ကာလသားများမှာလည်း မအားလပ်ကြ။ ဘုရားပွဲတွင် ဇာတ်ပွဲသွင်းကြသည်ဖြစ်ရာ ဇာတ်စင်ဆောက်ရန် သွားချည်လာချည် ရှုပ်ရှပ်ခတ်နေကြသည်။ ဘုရားပွဲက လပြည့်ညမှသာ ကျင်းပမည်ဆိုသော်ငြား သီတင်းကျွတ်ပွဲတော်နဲ့ပါ တိုက်ဆိုင်နေသည်မို့ ပေါင်းပြီး ၃ ရက် ကျင်းပလေသည်။
သည်နှစ်မှ ရောက်ဖူးသည့် နေရောင်ထွန်းလျှံတို့မှာ ထူးဆန်းအံ့ဩလျှက် ရွာသားများ၏ ပျားပန်းခတ်လှုပ်ရှားမှုများကို ငေးကြည့်နေရုံသာ ငေးနေရသည်။ သူတို့အတွက်က အထူးတဆန်းပင်။ ဘုန်းဘုန်းကခေါ်၍ စကားပြောသည်မို့ သူတို့လေးယောက် ရွာဦးကျောင်းတွင် ရောက်နေကြသည်။ ထို့ကြောင့်လည်း ရွာသားများ၏ အလုပ်ရှုပ်မှုကို ပိုမြင်ရသည်။ ရွာဦးကျောင်းဘေးရှိ စေတီနဲ့ အနည်းငယ်လှမ်းသောနေရာတွင် ဇာတ်ခုံဆောက်နေကြသည်မို့ လှမ်းမြင်နေရသည်။ ဦးနေမင်းရောင်နဲ့ ဒေါ်မိုးသက်ဝေတို့မှာ သည်ရွာလေး၏ လူညီမှုကို ချီးကျူးအသိအမှတ်ပြုမိကြတော့သည်။
သူတို့ ဘုန်းဘုန်းနဲ့ စကားပြောနေခိုက် ဘုရားပွဲအမှီပြန်လာသော ရောင်နီထက်ယံက ကျောင်းပေါ်သို့ရောက်လာသည်။ လူကြီးနှစ်ယောက်နဲ့ လရောင်ရှိန်တို့နှစ်ယောက်ကို တွေ့လိုက်ရတာကြောင့် နည်းနည်းတော့ အမ်းတမ်းတမ်းဖြစ်သွားသည်။ ရောက်ရောက်ချင်း ဆရာ့တစ်ယောက်တည်းကိုသာ တွေ့ရဖို့ မျှော်လင့်ထားခြင်းပင်။ မကျေမနပ်ဖြစ်ခွင့် မရှိပါသော်လည်း အတူတူတွဲမြင်လိုစိတ် မရှိပေ။ အားငယ်ရသည်လေ။ ဘာမဟုတ်တဲ့ သိမ်ငယ်စိတ်က သူ့နှလုံးသားကို ရစ်ပတ်ကာညှင်းဆဲနေသလို။
YOU ARE READING
My Kind-hearted Boyfriend ( Completed )