" ကြိုးစား... ကြိုးစားရင်ဘာမဆိုဖြစ်တယ် "
မီမီခန့်နဲ့ ရွှန်းဝေတို့နှစ်ယောက် လရောင်ရှိန်ကို ဘာတွေကြိုးစားခိုင်းနေတာလဲ။ ကြားနေကျစကားကြောင့် ရယ်ချင်သလိုလို၊ သူလုပ်ရမှာက အဲ့လောက်ကြီးမလိုပါဘူး။
" ရှိန်... ငါတို့ကိုကြည့်... မိန်းကလေးတွေဆိုပေမဲ့ မြန်မြန်ဆန်ဆန်ပဲ.... အရင်ဆုံး ကိုယ့်ဘက်ကပွင့်လင်းဖို့လိုတယ် "
အတွေ့အကြုံရင့်သူကြီး မီမီခန့်က သင်ကြားပို့ချပေးနေသည်။
" ကိုယ်နဲ့ချစ်က ရှောင်ပေးလိုက်မယ်.... ရှိန်... အခွင့်အရေးရအောင်ယူ "
လက်သီးဆုပ်ပြီး Fighting လုပ်ပြသေးသည်။
" ဘယ်သွားကြဦးမလို့လဲ "
" ရန်ကုန်မြို့မှာ လည်စရာပတ်စရာတွေ အများကြီးရှိတာပဲ... ပျော်ဖို့ကောင်းမယ့်နေရာပေါ့ "
" ရွှန်းဝေက ဆိုင်ရဲ့အလုပ်သမားနော် "
" အခုက ရွှန်းဝေက မီခန့်ရဲ့ချစ်သူ.... ကိုနေ အလုပ်ထုတ်လည်း ကြောက်ဖို့မလိုဘူး.... မီခန့် ဘာလဲဆိုတာ သိတယ်မဟုတ်လား.. သွားမယ်... လာ ချစ် "
ပြေးမသွားရုံတစ်မယ် ဆိုင်ထဲမှလှစ်ခနဲထွက်သွားကြသည်။ နေရောင်ထွန်းလျှံလည်း ခေါင်းကိုအသာခါယမ်းကာ၊ ဒီအတိုင်းဆိုလျှင် သူ အလုပ်သမားထပ်ခေါ်မှ ဖြစ်တော့မည်။ မီမီခန့်နဲ့ ရွှန်းဝေက အလိုက်တသိရှောင်ပေးကြသော်လည်း ဒီနေ့ကျမှ ဆိုင်မှာ လူကျနေသည်။ နေရောင်ထွန်းလျှံကိုယ်တိုင် လရောင်ရှိန်ကို ကူညီပေးနေရသည်။
မီမီခန့်နဲ့ ရွှန်းဝေကလည်း တစ်နေကုန်ပြန်မလာကြပေ။ ညပိုင်း ဆိုင်ပိတ်ခါနီးတွင် နေရောင်ထွန်းလျှံဆီ လရောင်ရှိန် အရဲစွန့်ပြီး ရောက်လာသည်။
" ကိုနေ...... "
စကားလုံးတွေက အနောက်ပြန်ဆုတ်သွားကြသလားပဲ။
" ဘာကိစ္စလဲ လရောင် "
" ကျွန်တော်... ကိုနေကို ပြောစရာရှိလို့..... "
လရောင်ရှိန်ရဲ့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ မဝံ့မရဲအမူအယာ၊ မသိမသာ ပန်းရောင်ပြေပြေလေးသမ်းနေသည့် ပါးပြင်နှစ်ခု၊ ထူးဆန်းသည့်မျက်ဝန်းအကြည့်တွေက ပြောမည့်စကားကို ရိပ်မိစေနိုင်သည်။
YOU ARE READING
My Kind-hearted Boyfriend ( Completed )