Chapter 28 ( Uni / Zawgyi )

936 19 1
                                    

ဦးနေမင်းရောင်နဲ့ ဒေါ်မိုးသက်ဝေတို့က ဘုရားခန်းတစ်ဖြစ်လဲ၊ အိမ်ရှေ့ခန်းမှာ ထိုင်နေကြသည်။ လရောင်ရှိန်မှာ အိတ်အချို့သာ်လာပြီး အိမ်ပေါ်မြန်မြန်တက်လာရသည်။ ထို့နောက် ရေနွေးနှင့် တည်ခင်းဧည့်ခံလေသည်။ ရောက်လာတာက ညနေဘက်မို့ ဘာမှသွားဝယ်ဖို့လည်း အချိန်မရှိ။ ရေနွေးကြမ်းတောင် အဆင်သင့်ရှိ၍ တော်သေးသည်။ အိမ်မှာရှိတဲ့ အညာထန်းလျက်၊ ဇီးထန်းလျက်တို့နှင့် ဦးဆုံးဧည့်ခံရသည်။

" အန်တီ၊ အန်ကယ်.. စိတ်မရှိပါနဲ့ဗျ.. ကျွန်တော် အခန်းပြင်ပေးရဦးမှာမို့လို့ "

လရောင်ရှိန် တပယ်ပင်အားနာလှပြီ။ အိမ်လာသော ဧည့်သည်များကို ကောင်းကောင်းဧည့်ခံရမည့်အစား သူက ရှုပ်ရှပ်ခတ်ပြီး ပြေးလွှားနေရသလို ဖြစ်နေသည်။

" အားနာရမယ့်လူတွေ မဟုတ်ဘူး သားငယ်လေးရဲ့... လုပ်စရာရှိတာ သွားလုပ် "

" ဟုတ်ကဲ့ "

လရောင်ရှိန်မှာ အခန်းပြင်ဖို့ ထသွားတော့သည်။ နေရောင်ထွန်းလျှံလည်း သူ့အမေနဲ့ အဖေနား ဝင်ထိုင်ကာ ဇီးထန်းလျက်ခဲတစ်ခုကို ကောက်စားလိုက်သည်။

" သား သွားကူပေးလိုက်ဦး... မင်း ကြိုပြောမထားဘူးမဟုတ်လား "

" သားက လရောင်အံ့ဩသွားအောင်လို့ပါ "

ဦးနေမင်းရောင်က ခေါင်းဆတ်ကာ သွားဖို့ပြောသည်။ နေရောင်ထွန်းလျှံမှာ ပြုံးစစနဲ့ ထသွားသည်။ သူ့မိဘတွေက လရောင်ရှိန်ကို ချစ်ပေးကြတာကို ပျော်ရသည်မဟုတ်လား။ သူ့ကိုချစ်တာထက် ပိုသွားလည်း ကိစ္စမရှိဘူး။ ချစ်သာချစ်ကြပါစေ။

အခန်းထဲမှာ ဟိုရွှေ့လိုက်၊ သည်ရွှေ့လိုက်နှင့် အခန်းရှင်းနေသည့် လရောင်ရှိန်က ငြိမ်မနေပေ။

" အခန်းရှင်းပြီးရင် ဟင်းချက်ရဦးမယ်.. တကယ်ပါပဲ.. ကိုနေကတော့..... လူကြီးတွေမှာ စောင့်နေရတယ် "

" ဘာတွေ ပွစိပွစိပြောနေတာလဲ "

" ဖယ်ပေးဦး... လုပ်စရာတွေ အများကြကျန်သေးတယ် "

အခန်းထဲဝင်လာပြီး ဘာမှကူမလုပ်ဘဲ ခါးကို အနောက်ကနေ သိုင်းဖက်လာသူကို ပြောလိုက်သည်။ လူကြီးတွေ စောင့်နေရပါတယ်ဆို။

My Kind-hearted Boyfriend ( Completed )Where stories live. Discover now