Chapter 4 ( Uni / Zawgyi )

1.5K 42 5
                                    

ခက်မေရီကို အိမ်လိုက်ပို့ပေးပြီး ပြန်ဖို့ပြင်တော့ ခက်မေရီက အိမ်ထဲမဝင်သေးပါဘဲ ထွက်သွားတော့မည့် နေရောင်ထွန်းလျှံကို အနောက်မှဖက်လိုက်ပြီး

" ကိုနေ... ခက်နဲ့မတွဲချင်ဘူးလား... ကိုနေ လိုချင်တာ အကုန်ပေးနိုင်တယ် "

" ခင်ဗျား ကျွန်တော့်ကို မနှောက်ယှက်ရင်ရပြီ "

" အဲဒါဆို ခက်နဲ့တွဲလိုက်လေ... ကိုနေ လိုချင်တာရမှာပေါ့ "

" ခင်ဗျား ကျွန်တော့်ကိုလွှတ်ပေး.... ကျွန်တော်တို့က လူမြင်ကွင်းမှာနော် "

သူတို့နှစ်ယောက်က ခြံရှေ့မှာလေ။ ရန်ကုန်မြို့ဖြစ်တဲ့အတွက် ညဘက်ဆိုသော်လည်း အရမ်းကြီးလူပြတ်နေမှာတော့ မဟုတ်ဘူးလေ။

" ခက် ပြောပြီးပြီလေ... ခက်နဲ့တွဲဖို့လက်ခံရင် ဖြစ်ချင်တာဖြစ်ရပါမယ်လို့ "

နေရောင်ထွန်းလျှံ ပြောမရတဲ့ခေါင်းမာသော အမျိုးသမီးရဲ့လက်ကို ခါးမှဆွဲဖြုတ်လိုက်သည်။ မိန်းကလေးတစ်ယောက်ရဲ့အားက ယောက်ျားတစ်ယောက်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ။

" ခက်မေရီ... ခင်ဗျား ရောင့်တက်မလာနဲ့ "

ခက်မေရီ အံ့ဩသွားပါသည်။ သူတွေ့ဖူးသမျှယောက်ျားတွေက သူမရဲ့အထိအတွေ့ကို ကျော်လွန်နိုင်သူမရှိဘူးလေ။ အထိအတွေ့ကိုတောင်မဟုတ်၊ တီတီတာတာ ညွတ်နူးဖွယ်ရာအသံနဲ့ ချောမောလှပတဲ့အဆင်းရူပါမှာတင် ကျရှုံးသွားကြသူတွေချည်းပင်။ ဒီယောက်ျားချောချောကတော့ သံမဏိလူသားများလား။

" မိန်းကလေးဖြစ်ပြီး အဲလောက်မလွယ်စမ်းပါနဲ့ "

အသံက ပျော့ပြောင်းနူးညံ့ခြင်းမျိုး မဟုတ်သလို၊ မာကျောပြတ်တောက်နေခြင်းလည်းမဟုတ်၊ ဆုံးမသောလေသံမျိုးပင်။ ခက်မေရီ စဉ်းစားသွားသည်။

ခုနကစကားကြောင့်လား...။ ကိုနေက သနားသွားလား၊ ဒါမှမဟုတ် မိန်းကလေးမို့ မဖြစ်သင့်လို့ ပြောနေတာလား၊ မျှော်လင့်ချက်မျှင်မျှင်လေးတော့ ရပြီပဲ။

" ကျွန်တော် သွားပြီ "

နေရောင်ထွန်းလျှံ ထွက်သွားပြီးနောက်

My Kind-hearted Boyfriend ( Completed )Where stories live. Discover now