Market ထဲမှာ ခက်မေရီရဲ့ စိတ်အာရုံတစ်ခုလုံးကို စုပ်ယူသွားနိုင်သောလူသည် နေရောင်ထွန်းလျှံပင်။ ဘေးနားမှာလည်း ကောင်လေးတစ်ယောက်နဲ့။ အတူတူလာပုံပေါက်သည့် အမျိုးသားနှစ်ယောက်က ရယ်ပြုံးနေပြီး အတော်ရင်းနှီးပုံရှိသည်။ သွားတွေ့ရအောင်လည်း ဘေးကမဖြတ်ရသေးတဲ့ ရည်းစားကရှိနေသေးသည်။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ...။
" ခက် ဘယ်သူ့ကိုကြည့်နေတာလဲ "
" ဪ... ဘာမှမဟုတ်ပါဘူး... ဟိုအင်္ကျီလေး လှလို့လေ... ခက်ကို ဝယ်မပေးချင်ဘူးလား "
" ရတာပေါ့... ကြိုက်တာဝယ်... ကိုကို ရှင်းပေးမယ် "
" အဲဒါကြောင့် ချစ်နေရတာ "
နေရောင်ထွန်းလျှံနဲ့ လရောင်ရှိန်က ဆိုင်အတွက်လိုအပ်တာလေးတွေ လာဝယ်ကြခြင်းဖြစ်သည်။ အများသူငါအမြင်မှာတော့ Boy to Boy အတွဲလေးလိုဖြစ်နေသည်။ သူတို့ရဲ့ Physical Compatibility က အတွဲမဟုတ်ဘဲနဲ့တောင် အခြားသူများက အတွဲလို့မြင်သွားစေသည်အထိ။
တဂွမ်ဂွမ်မြည်နေတဲ့ဖုန်းကို နေရောင်ထွန်းလျှံ စိတ်မရှည်တော့။ အချိန်က ည ၉ နာရီခွဲနေပြီ။ တစ်ချိန်လုံးဖုန်းဆက်နေတော့ စိတ်ရှုပ်လာသည်။ ဒီလောက်ဆက်နေလို့မှ ဖုန်းမကိုင်ရင် ထပ်မဆက်သင့်တော့ဘူး မဟုတ်လား။ အခုဟာက ဖုန်းမကိုင်မချင်း ဆက်နေမည့်ပုံပင်။
အချိန်က ၉ နာရီ ၄၅ မိနစ်။ တစ်ချက်မှမရပ်သေးသော ဖုန်းမြည်သံ။ နေရောင်ထွန်းလျှံ ဒေါသပါထွက်လာသည်။ ထို့နောက် ဖုန်းထဲသို့ Message တစ်စောင် ဝင်လာသည်။
Message : " ကိုနေ ခက်က ကိုနေ့အိမ်ရှေ့မှာနော်.. ကိုနေ ထွက်မလာမချင်း စောင့်နေမှာ "
နေရောင်ထွန်းလျှံ ဖုန်းကို ခုတင်ပေါ်ပစ်တင်လိုက်သည်။ နေရောင်ထွန်းလျှံက သူပိုင်တဲ့အိမ်မှာ တစ်ယောက်တည်းနေသည်။ မိဘတွေနဲ့အတူမနေ။ သူ့အိမ်ကို ဆိုင်နဲ့သိပ်မဝေးတဲ့နေရာမှာ ဝယ်ထားခြင်းဖြစ်သည်။
ခက်မေရီကို တစ်နေ့တခြား ပိုပိုပြီး အမြင်ကတ်လာသည်။ နေရောင်ထွန်းလျှံက ခက်မေရီကို ထွက်မတွေ့ပါဘူး။ အချိန်က ၁၀ နာရီကျော်ပြီ။
YOU ARE READING
My Kind-hearted Boyfriend ( Completed )