စာကြည့်တိုက်လေးက ရုပ်လုံးပေါ်ကာ လက်စသတ်ပြီးစီးတော့မည် ဖြစ်သည်။ မနေ့က စာအုပ်တိုက်ကလည်း မှာထားသည့် စာအုပ်များရပြီဟု ဖုန်းဆက်အကြောင်းကြားလာသည်။
" အပြန်ကျရင် စာအုပ်တွေအများကြီး သယ်လာရမှာဆိုတော့ ရေနံချောင်းရောက်မှ ကားငှားသွားရမယ် "
" ကျွန်တော်လည်း လိုက်မယ် ဆရာ "
စာကြည့်တိုက်ဆောက်ရာနေရာမှာ ရှိနေတဲ့ လရောင်ရှိန်နဲ့ နေရောင်ထွန်းလျှံက မှာထားတဲ့စာအုပ်တွေ သွားယူဖို့ပြင်နေကြသည်။ သူကြီးနဲ့ ရောင်နီထက်ယံလည်း ထိုနေရာတွင် ရှိနေကြသည်။
" ကျွန်တော်လည်း လိုက်မယ်... စာအုပ်တွေအများကြီးဆို... ဆရာတို့နှစ်ယောက်တည်းဆိုရင် မနိုင်လောက်ဘူး "
" အေးဟေ့... ရေနံချောင်းဘက်သွားမယ့် လူကြုံများ မရှိကြဘူးလား..! "
သူကြီးက အလုပ်လုပ်နေတဲ့ ရွာသားတွေကို လှမ်းမေးလိုက်သည်။
" မနက်ဖြန်ကျရင် ဆရာမလေးကို သွားကြိုဖို့ရှိတယ်ဗျို့! ကျုပ်လှည်းနဲ့ လိုက်ခဲ့ပေါ့! "
ရွာသားတစ်ယောက်က လှမ်းပြောသည်။
" မနက်ဖြန်ကျ ဆရာမလေးတောင် ပြန်လာတော့မှာပဲ... သင်္ကြန်နားနီးပြီဆိုတော့ ကားလက်မှတ်တွေ ဈေးတက်မှာစိုးလို့ထင်တယ်.. ဟား! ဟား..! "
သို့နှင့် နောက်နေ့မနက်တွင် လရောင်ရှိန်၊ နေရောင်ထွန်းလျှံနဲ့ ရောင်နီထက်ယံတို့သုံးယောက် လှည်းကြုံတဲ့ နွားလှည်းပေါ်မှာထိုင်နေကြသည်။ လှည်းတအိအိနှင့် ရွာကထွက်လာခဲ့တာ နာရီဝက်လောက်ရှိနေပြီ။
လက်ကို ရုတ်တရက်လာထိတဲ့ အထိအတွေ့ကြောင့် လရောင်ရှိန် လန့်သွားသည်။ တရားခံကိုသိလိုက်သဖြင့် လှည့်ကြည့်လိုက်ပြီး အကြည့်နဲ့အပြစ်တင်နေသည်။ အပြစ်တင်နေတာ ချစ်စရာလေးဆိုပြီး ပြုံးနေသည့်သူကလည်း မျက်ဝန်းရွဲရွဲတွေနဲ့ ကြည့်နေပြန်သည်။ ရောင်နီထက်ယံကတော့ အနောက်က လှည်းလမ်းကြောင်းကိုသာ ငေးလာသည်မို့ လှည်းတစ်ဖက်ခြမ်းမှာ ထိုင်နေတဲ့သူတို့နှစ်ယောက်ကို မမြင်ရ။ လှည်းသမားကလည်း ရှေ့ကိုသာရှု၍ နွားမောင်းနေသည်မို့ သူတို့ကို လှည့်ကြည့်ချိန်မရှိ။
YOU ARE READING
My Kind-hearted Boyfriend ( Completed )