Chapter 5 ( Uni/ Zawgyi )

1.6K 46 0
                                    

သင်္ကြန်အကြိုနေမှာ မီမီခန့် ဆိုင်သို့ အစောကြီးရောက်ချလာသည်။ လရောင်ရှိန်နဲ့ နေရောင်ထွန်းလျှံလည်း ရောက်နေပြီမို့ ဆိုင်ထဲမှာ ဟိုရှာဒီရှာနဲ့ မီမီခန့်ကို

" အစောကြီး ဘာလာလုပ်တာလဲ "

" ရွှန်းဝေရော... မရောက်သေးဘူးလား "

" ဒီနေ့ ခွင့်ယူထားတယ်... သူ့အမေကို တရားစခန်းလိုက်ပို့ပေးမလို့တဲ့ "

" ဟမ်..! လျှောက်လည်မယ်လို့ ပြောထားပြီးတော့ "

" ဒီနေ့မှ အကြိုနေ့ပဲရှိသေးတယ် မီခန့် "

" အကြိုနေ့လည်း သင်္ကြန်ပဲ.... သူ့အိမ်လိုက်သွားလိုက်ဦးမယ် "

" သူ့အိမ်ကို သိလို့လား "

ထွက်သွားပြီး အော်ပြောသွားတာ ဘာမှန်းသေချာမကြားလိုက်ရပါ။ အလျင်စလိုနဲ့ ကားမောင်းကာထွက်သွားသည်။

အကျနေ့မှာလည်း မီမီခန့်က ရွှန်းဝေကို အစောကြီး ခေါ်သွားသည်။ ထို့ကြောင့် ဆိုင်မှာ နေရောင်ထွန်းလျှံနဲ့ လရောင်ရှိန်တို့ နှစ်ယောက်တည်း။

ဖုန်းဝင်လာတာကြောင့် နေရောင်ထွန်းလျှံ ဖုန်းကိုင်လိုက်သည်။

" ဒီနေ့တော့ မလာနိုင်ဘူး... "

" ......... "

" ဆိုင်မှာက ဘယ်သူမှမရှိဘူး... မလာနိုင်လို့ တောင်းပန်ပါတယ်.... ခက်ဘာသာပဲ လျှောက်လည်လိုက်တော့နော် "

" ကိုနေ! ကိုနေ! ဟာ... ဖုန်းချသွားပြီ "

" နင့်ဘဲက ဘာတဲ့လဲ "

" မလာနိုင်ဘူးတဲ့... တကယ်ပါပဲ "

ခက်မေရီမျက်နှာက မကျေမနပ်နဲ့ သုန်မှုန်သွားသည်။ သူငယ်ချင်းတွေဆီမှာလည်း အလှောင်ခံရသေးသည်။

နေရောင်ထွန်းလျှံက ဆိုင်မှာရွှန်းဝေမရှိတော့ လရောင်ရှိန်တစ်ယောက်တည်းမို့ ဘယ်မှမသွားခြင်းဖြစ်သည်။

" ကိုနေ... သွားစရာရှိလို့လား "

" အရေးမကြီးပါဘူး "

ဤသို့နှင့် မီမီခန့်နဲ့ ရွှန်းဝေက ဆိုင်မကပ်သလောက် နေရောင်ထွန်းလျှံနဲ့ လရောင်ရှိန်မှာ ဆိုင်၌ဒိုင်ခံရှိနေရသည်။

My Kind-hearted Boyfriend ( Completed )Where stories live. Discover now