စာလုပ်ပြီးချိန်တွင် လရောင်ရှိန်က RAY Coffee Bar မှာ အလုပ်သမားဖြစ်သဖြင့် မပြန်ပါ။ ဆိုင်တွင်ဖောက်သည်ဖြစ်လာပြီးနောက် နေရောင်ထွန်းလျှံနဲ့လည်း ရင်းနှီးနေပြီဖြစ်၍ အလုပ်လုပ်ချင်လို့ အလုပ်တောင်းရာ အလုပ်ရလေသည်။ နိုင်ထွန်းနဲ့ ရဲထက်ကျော်တို့မှာတော့ သူတို့ကိစ္စနဲ့သူတို့ ရှုပ်နေကြတာမို့ နောက်ပိုင်းတွင် လရောင်ရှိန်တစ်ယောက်တည်းသာ RAY Coffee Bar သို့ လာလေ့ရှိတော့သည်။ တက္ကသိုလ်ကျောင်းသားမို့ တစ်ဖက်တစ်လမ်းကနေ ကျောင်းစရိတ်ရှာချင်တာကြောင့် နေရောင်ထွန်းလျှံဆီမှာ အလုပ်တောင်းပြီး အတန်းမရှိသောအချိန်များနှင့် ကျောင်းပိတ်ရက်နားချိန်များတွင် အလုပ်လာလုပ်သည်။ ဤသို့နှင့် လရောင်ရှိန်မှာ နေရောင်ထွန်းလျှံနဲ့ ပို၍ပို၍ ရင်းနှီးလာသည်နှင့်အမျှ နှလုံးသားမှာလည်း အကြိမ်ကြိမ်ချည်နှောင်ခြင်းတို့ ထပ်လာခဲ့သည်။
အစပိုင်းတွင် ယောက်ျားလေးအချင်းချင်းဖြစ်နေ၍ ခံစားချက်တို့ကို လျစ်လျူရှုကြည့်ခဲ့ဖူးသည်၊ မအောင်မြင်ပေ။ နောက်ဆုံး၌ လက်ခံလိုက်ပြီးနောက် ခံစားချက်တို့ကို လွတ်လပ်ခွင့်ပေးလိုက်တော့သည်။ သို့သော် ဖွင့်မပြောရဲသေးပေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က ဘယ်လောက်ကွေးကွေး တစ်ဖက်ကဖြောင့်နေပါလျှင် အလိုလိုနေရင်း ဝေးရလိမ့်မည်မဟုတ်လား။ ထို့ကြောင့် ရင်းနှီးသော အလုပ်ရှင်နဲ့ အလုပ်သမား၊ ညီအစ်ကိုဘောင်ထဲတွင်သာ ငြိမ်နေသေးသည်။ လက်ရဲဇက်ရဲ မီမီခန့် မရောက်ခင်အထိ။
ဆိုင်ထဲသို့ တစ်ခေါင်းလုံး ဆံပင်ခရမ်းရောင်ဆေးဆိုးထားသည့် မိန်းကလေးတစ်ယောက် ဝင်ရောက်လာသည်။ မိန်းကလေးဆိုသော်ငြား လရောင်ရှိန်ထက်တော့ အသက်ကြီးသည်။
" Hello...! ကိုနေ... I've come back...! "
နွေရာသီကျောင်းပိတ်ချိန်ဖြစ်နေ၍ လရောင်ရှိန်လည်း RAY မှာ တစ်ချိန်လုံးရှိနေသည်။ ရွှန်းဝေကလည်း ဝင်လာသောမိန်းကလေးကို တစ်ခါမှမတွေ့ဖူး၍လည်းကောင်း၊ နေရောင်ထွန်းလျှံကို ရင်းနှီးပုံရှိသောကြောင့်လည်းကောင်း၊ ထိုမိန်းကလေးသည် အာရုံစိုက်မှုခံရရန် ဆွဲငင်အားရှိနေခြင်းကြောင့်လည်းကောင်း သူ့ကိုငေးကြည့်နေသည်။
YOU ARE READING
My Kind-hearted Boyfriend ( Completed )