" လရောင်... "
တစ်အိမ်တည်းမှာအတူတူနေပြီး ရှောင်ဖို့မဖြစ်နိုင်မှန်း သိရက်နဲ့တောင် သူ့ကိုရှောင်ဖို့ ကြိုးစားနေမိသည်။ ထွက်သွားတော့မယ့် လရောင်ရှိန်ရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းထားလိုက်သည်။
" လရောင်... ကိုယ် လရောင်မရှိတော့မှ ကိုယ့်ကိုယ်ကို သိခဲ့တာ... ကိုယ် လရောင်ကို ချစ်နေခဲ့တယ်... လရောင် မရှိတော့မှ လရောင်မရှိရင် မနေနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိခဲ့တာ.... အမှန်တော့ လရောင်ကို အဝေးကြီးထွက်မသွားစေချင်ခဲ့ဘူး... ကိုယ့်မျက်စိရှေ့မှာပဲ ထားချင်ခဲ့တာ... နောက်တစ်ခေါက် လရောင်ကို ကိုယ် ထပ်မဆုံးရှုံးပါရစေနဲ့.. ကိုယ် မှားမှန်းသိပါပြီ... ကိုယ် လရောင်ကို ထပ်အဆုံးရှုံးမခံနိုင်တော့ဘူး... "
" .......... "
ဒီစကားတွေကို လွန်ခဲ့တဲ့ ၆ နှစ်ကတည်းကပြောခဲ့ရင် ကျွန်တော် တော်တော်ပျော်ခဲ့ရမှာ...။ လွန်ခဲ့တဲ့ ၆ နှစ်ကသာပြောခဲ့ရင် ကျွန်တော်တို့ ကွဲကွာခဲ့မှာမဟုတ်ဘူးလေ။ ၆ နှစ်လုံး ကိုနေပြောခဲ့တဲ့စကားကို နားထောင်ပြီး ကိုနေကို မေ့ဖို့ကြိုးစားခဲ့တယ်...။ ကျွန်တော် မေ့လို့မရသေးခင်မှာ ကိုနေက ကျွန်တော့်ကို ချစ်နေခဲ့တယ်တဲ့။ အခု... အခုက ပျော်နေတာလား၊ ဝမ်းနည်းနေမိတာလား.. ကိုယ့်ကိုယ်ကို မခွဲခြားတတ်တော့ဘူး....။
တင်းတင်းကြပ်ကြပ် ပိုက်ထွေးထားတဲ့ ကောင်လေးရဲ့ရင်ခွင်ထဲမှာ တောင့်တောင့်ကြီးရပ်နေမိတဲ့ လရောင်ရှိန်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေက တဖြည်းဖြည်းနေရာယူလာကာ ဝေဝါးလာသည်။ ဝမ်းသာလို့မျက်ရည်ကျတာလား၊ ဝမ်းနည်းလို့ငိုနေမိတာလားကိုတော့ ကာယကံရှင်ကိုယ်တိုင်တောင် နားလည်မနေပေ။
" လရောင်... ကိုယ် မသိလိုက်ခင်ကတည်းက လရောင်က ကိုယ့်နှလုံးသားကို ပိုင်ဆိုင်ခဲ့တဲ့သူပါ "
လရောင်ရှိန် ကြားလိုက်ရတဲ့ စကားလုံးတွေကြောင့် ရှုပ်ထွေးနေတဲ့စိတ်အစဉ်က ခဏတာဗလာဖြစ်သွားရသည်။ ထိုစကားကိုသာ ထပ်ခါတလဲလဲ ပြန်ကြားနေရသလိုလို။ စိတ်ခံစားချက်တွေက သူတို့ကို လွှတ်ပေးပါတော့လို့ အသနားခံနေကြပြီ။ နှလုံးခုန်သံတွေက ကိုနေရဲ့ စကားတစ်ခွန်းစီတိုင်းမှာ ညွတ်နူးပျော်ဝင်ချင်နေကြပြီ။ အခု ဘာလုပ်ရမှာလဲ၊ ကိုနေရဲ့စကားကို နားထောင်ရမှာလား၊ တောင်းဆိုမှုကို လိုက်လျောပေးရမှာလား။ ကျွန်တော် မလွယ်ချင်ဘူး ကိုနေရယ်...။
YOU ARE READING
My Kind-hearted Boyfriend ( Completed )