Q & A

710 15 7
                                    

24.3.2026

လျှမ်း - 
" ရှိန်တို့ မင်္ဂလာဆောင်ပြီး နှစ်နှစ်လောက်ကြာပြီးမှ သွားမေးဖြစ်ပါတယ်။ ဘာလို့ဆို ကျွန်တော် ပျင်းနေလို့ပါ😁😁😁... ဒီ fic မှာ ဘာမှမေးစရာမရှိဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်.. တကယ်လည်း မရှိပါဘူး😅😅။ ဒါပေမဲ့ ဇာတ်လမ်းလေးရဲ့ နောက်ပိုင်း သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေနဲ့ အလုပ်တွေကိုတော့ မေးပေးမှရမှာမို့ပါ။
ဘယ်သူက အပေါ်၊ ဘယ်သူက အောက်ကလဲဆိုတာ သိချင်ကြမယ်ထင်လို့ ဟဲဟဲ.... Role ကွဲကြရဲ့လားဟင်...😁😁 ဆိုတော့ Interview လေး စလိုက်ရအောင်... "

💚💚💚💚💚

လျှမ်း -  " စတော့မယ်နော် "

ရှိန် -  " ဟုတ်ကဲ့ပါဗျ "

ကိုနေ -  " ရပြီ.. မေးတော့ "

လျှမ်း - " အရင်ဆုံး ကိုနေတို့ အိမ်ထောင်ရေးလေးကို မေးပါမယ်.... လက်ထပ်ပြီးသွားကြပြီဆိုတော့ အိမ်ထောင်ရေးအခြေအနေလေး ပြောပြပါဦးဗျ... ယောက္ခမတွေက အနိုင်ကျင့်ကြသေးလား😁😁😁 "

ကိုနေ -  " အမေတို့က သူတို့သားကို ဘာမှမခိုင်းပါဘူး။ ကိုယ်ပဲ အစစအရာရာ အကုန်လိုက်လုပ်ပေးနေရတာ "

လျှမ်း -  " အစစအရာရာဆိုတာ?? " 😁😁

ကိုနေ -  " အိမ်မှုကိစ္စအဝဝ အားလုံးပဲ... တော်တော်လေး စပ်စုတယ်နော် "

လျှမ်း -  " ဝါသနာအရပါ😆😆... ကိုနေက အိမ်ထောင်မှုကို ထိန်းသိမ်းတယ်ဆိုတော့.... 🤭🤭🤭 "

ကိုနေ -  " ဘာတွေတွေးနေလဲ သိတယ်နော် "

( ရှိန်က ပြုံးပြုံးလေး ကြည့်နေသည်။ )

လျှမ်း -  " 🤭🤭 မပြောပြချင်ဘူးလား "

ကိုနေ -  " အဲ့ကဏ္ဍကို ရောက်ပြီလား... "

လျှမ်း -  😁😁😁 " မရောက်သေးပါဘူး.. "

ကိုနေ -  " ရောက်မှမေး "

လျှမ်း -  " ဒါဆို အလုပ်ကိစ္စလေး သွားလိုက်မယ်နော်... ရှိန်ကရော အိမ်မှာ ထိုင်နေရတာလား... မန်ကျည်းတန်းက ထွက်လာပြီဆိုတော့လေ "

ရှိန် -  " လောလောဆယ်တော့ အဲ့လိုပဲပြောရမှာပေါ့... ကျူရှင်လေး၊ guide လေးဘာလေးလည်း သင်နေတယ်..တစ်နှစ်လောက်နားပြီးရင်တော့ ကချင်ဘက်ကို စာသွားသင်ဖို့ စီစဉ်ထားတယ် "

My Kind-hearted Boyfriend ( Completed )Where stories live. Discover now