စားသောက်ဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်ခိုင်းလိုက်ပြီး လရောင်ရှိန်ကို လက်ဆွဲ၍ ဆိုင်ထဲဝင်သွားသည်။
" ကိုနေ... ဘာဖြစ်နေတာလဲ "
နေရောင်ထွန်းလျှံရဲ့ ထူးဆန်းနေသောပုံစံကြောင့် လရောင်ရှိန်မှာ သိချင်စိတ်ပြင်းပြလာသည်။ သို့သော် နေရောင်ထွန်းလျှံက လမ်းတစ်လျှောက် မေးသမျှကို ဘာမှပြန်မဖြေခဲ့ပေ။ စားသောက်ဆိုင်အတွင်း စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်တော့ Waiter လေးတစ်ယောက် ရောက်လာသည်။
" ဘာအလိုရှိပါသလဲခင်ဗျ "
Menus စာအုပ်ကို တရိုတသေပေးရင်း ပြုံး၍မေးသည်။
" ညီတို့သူဌေး ကိုကျော်နဲ့ တွေ့ချင်တယ်... နေရောင်ထွန်းလျှံလို့ ပြောလိုက်ပါ "
Waiter လေးက ခေါင်းငြှိမ့်ကာ ထွက်သွားသည်။
" ကိုနေ... ဘာလုပ်မလို့လဲ "
" လရောင်... ကိုယ့်ဆီမှာ အလုပ်မလုပ်နဲ့တော့ "
လရောင်ရှိန်ကို တောင်းဆိုသယောင် လေးနက်စွာ ပြောလိုက်သည်။
" ဗျာ.. "
လရောင်ရှိန် နားမလည်နိုင်စွာ မျက်လုံးလေးဝိုင်းသွားသည်။
" ဘာဖြစ်လို့လဲ... ကျွန်တော် ဘာအမှားလုပ်မိလို့လဲ "
" လရောင်.. ဘာမှမမှားပါဘူး... လရောင် ကိုယ့်အနားမှာ ရှိနေလို့မဖြစ်ဘူး "
" ကျွန်တော် ဘာမှမမှားရင် ဘာဖြစ်လို့ ကိုနေအနားမှာ နေလို့မရတာလဲ "
လရောင်ရှိန် မကြားချင်ဆုံးစကားဖြစ်နေ၍ လက်မခံချင်။ ခက်မေရီရဲ့စကားအရ နေရောင်ထွန်းလျှံသာ ဒီလိုမပြောလာရင် ဆက်နေလို့ရသေးသည်။ သူထွက်သွားလို့ မပြောလာမချင်း။ သို့သော်...
" မခက်မေရီကြောင့်လား... ကိုနေရဲ့ ရည်းစားက ပြောလို့လား "
" .............. "
နေရောင်ထွန်းလျှံ တိတ်ဆိတ်နေသည်။ အဖြေကို ပြန်တုံ့ပြန်မလာခဲ့ပါ။ သူ့စိတ်ထဲတွင် လရောင်ရှိန်သာ သူ့အနားမှာဆက်ရှိနေလျှင် ခက်မေရီက ထိုကောင်လေးကို ဒုက္ခပေးမှာကိုပင် စိုးရိမ်နေသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် သူ့အနားမှာရှိမနေမှ ထိုကောင်လေး အန္တရာယ်ကင်းလိမ့်မည်။
YOU ARE READING
My Kind-hearted Boyfriend ( Completed )