" ဆရာမလေးရေ.. ဧည့်သည်ဗျို့! "
ဝိုင်းဝမှ အော်သံကြောင့် နွေဝတီဖူးလည်း အပြင်ထွက်လာသည်။ စောင့်ကြိုနေသူကို မြင်လေတော့ ဒေါသသွေးများ ပွက်ပွက်ထသွားရသည်။ ဒီမိန်းမ..!။
" ရှင် ဘာလာလုပ်တာလဲ..! ခက်မေရီ "
" မင်းအစ်ကိုနဲ့ အဆက်အသွယ်မရတော့လို့လေ.. ဒီမှာများ ရှိနေမလားလို့ "
" ကျွန်မအစ်ကိုက ဒီမှာမရှိဘူး... ရှင် ကျွန်မအစ်ကိုနဲ့လည်း ဘယ်တော့မှဆက်သွယ်လို့ ရမှာမဟုတ်ဘူး.. သူများမိသားစုကို ဘာဖြစ်လို့ အဲ့လောက်တောင် ဖျက်ဆီးချင်နေရတာလဲ "
" ဟင်း ဟင်း... မင်းအစ်ကိုက ပျော်ချင်လို့ ခက်ကဖြည့်ဆည်းပေးရုံလေ.. ဘယ်မှာ မိသားစုကို ဖြိုခွဲနေလို့လဲ "
စကားပြောနေသည့်ပုံစံကိုက ညုတုတုနှင့် ဒေါသထွက်စရာ။ သူ့ကြောင့် နွေဝတီဖူး၏ ယောင်းမခမျာ မျက်ရည်နှင့်မျက်ခွက် ဖြစ်ခဲ့ရသည်။ ထိုကိစ္စကြောင့် အိမ်ပြန်သွားပြီး ပြန်ရောက်တာတောင် မကြာသေး။ အခု သူ့ဆီ ရောက်ချလာသည်။
" ရှင်က ရှင့်အမှားကိုတောင် ရှင်မသိဘူးပဲ.. သွားလိုက်တော့ ဒီမှာရှင့်ကို ကြိုဆိုတဲ့သူမရှိဘူး "
" အို ရင့်လှချည်လား... မင်းအစ်ကို ဘယ်မှာလဲ! ငါ အခုချက်ချင်း တွေ့ချင်တယ် "
" ဘယ်တော့မှ တွေ့ရမှာမဟုတ်ဘူး.. ရှင် ထွက်သွားလိုက်တော့! "
" မမဖူး! "
သူနာပြုဆရာမလေး ခင်သက်မေက ပြေးထွက်လာသည်။ နွေဝတီဖူးက ဒေါသထွက်ခဲသူတစ်ယောက်။ ယခု အရေခွံစုတ်ပစ်ချင်သလို ဒေါသထွက်နေသည်။
" တောက်! ရှင့်မျက်နှာကို မြင်နေရတာ ကျက်သရေမရှိဘူး.. ထွက်သွားလိုက်တော့! "
" အစ်မ.. အစ်မ ထွက်သွားလိုက်ပါတော့.. ဒီမှာ အစ်မရှာနေတဲ့သူ မရှိဘူး "
နွေဝတီဖူး၏ ရင်ဖွင့်ချက်များကြောင့် သူသည်ပင်လျှင် မမြင်ဖူးဘဲ မုန်းတီးခဲ့ရသည်။ ချစ်ရသူ၏ ဒေါသထွက်နေပုံကို မြင်နေရသည်မှာလည်း စိတ်မချမ်းသာရပေ။ ဘယ်လိုခံစားရမလဲဆိုတာ သိနေသည်မို့။
YOU ARE READING
My Kind-hearted Boyfriend ( Completed )