uni
🥀အပိုင်း ၁🥀"အမြုံမ"
မောင့်ရဲ့ စကားလုံးနှင့် ထိုးနှက်ချက်များ။
"ရှင်ကို ကိုကိုက မပေါင်းချင်တော့ဘူး၊ ရှင်က ကိုကို အတွက် သူ့ ရင်သွေးမမွေးပေးနိုင်လို့လေ"
မောင့်ရဲ့ ချစ်သူဆိုသော မိန်းမ၏ ပြောလာသော စကားလုံးများ။ အိမ်ထောင်တစ်ခုကို စတင်ထူထောင်စဥ်ကတည်းက မြတ်နိုးသည် ကလေးမွေးဖွားနိုင်သည့် မိန်းမ မဟုတ်မှန်းသိရဲ့နှင့်ပင် မြတ်နိုးကို မောင့် လက်ထပ်ခဲ့သည့်ပင်။
အခု အခုမှ မောင်က ။
တွေးရင်းနှင့်ပင် မြတ်နိုး ရင်တွေ နာလွန်းလှပါပြီ။
မောင် အိမ်ပြန်မအိပ်သည့်မှာ ထိုညဆို ၃ ရက်မြောက်ညပင်။
"ဘယ်ဆီများ ရောက်နေလဲ မောင်၊ အခုချိန် သူ့ ချစ်သည့် မိန်းကလေးနှင့် ရှိနေတာလား"
မြတ်နိုး တွေးမိလေတိုင်း နှလုံးသား၏ နာကျင်မှုက အတိုင်းအဆမဲ့စွာ နာကျင်လာရပြန်ပါသည်။
ရက်စက်လှသည့် ထိုလူသားကတော့ မြတ်နိုး ၏ ဖြစ်တည်မှုကို နားလည်နိုင်မည် မဟုတ်ပေ။
🥀🥀🥀"မောင် ပြန်လာပြီလား"
အိမ်ထဲဝင်လာသော မောင်ကို မြတ်နိုး မေးခွန်းထုတ်လိုက်ခြင်းပင်။ မောင်ကတော့ လေချွန်ပင် မပျက်။ သူမကို အရေးမလုပ်ဟန်ဖြင့်
"မမြင်ဘူးလား ဒေါ်မြတ်နိုးမေ"
မြတ်နိုး သက်ပြင်းကို ဖွဖွရှိုက်ပြီး
"အဲ့လိုသဘောမေးတာ မဟုတ်ပါဘူးမောင်ရယ်၊ မြတ်နိုးက မောင် အိမ်ပြန်မအိပ်တာ ကြာလို့ မေးမိတာပါ"
အတော်လျှာရှည်လွန်းသော ထိုမိန်းမကို မင်းထက်မြတ် ကြည့်မရခဲ့သည့်မှာ အတော်ကြာနေလေပြီ။ စူးရှလှသော သူ့ အကြည့်တွေက သူမထံရောက်လာကာ
"ခင်ဗျားနဲ့ အတူနေရတာလေ ကြာလေ မွန်းကြပ်လေပဲ၊ ဒီအိမ်ကို ပြန်ရောက်လာတိုင်း နွေလိုပူလောင်ခြင်းက ကျုပ်ဘဝရဲ့ အစပဲ"
"အို မောင်ရယ်"
မောင့် နှုတ်ဖျားမှ ထွက်ကျလာသော စကားလုံးများက အမှန်တကယ်ပင် သူမနှင့် အတူရှိနေခြင်းကို မနှစ်မြို့တော့တာလား။ မောင့်ကို ချစ်လွန်း၍ အရာရာသီးခံခွင့်လွှတ်ပေးနေသော သူမက အဆုံးသတ်တွင် ဘာဖြစ်လာနိုင်ပြီလဲ။
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း