Uni
🥀အပိုင်း ၁၇(ဇာတ်သိမ်း)🥀
"မြတ်နိုး မောင့်ဆီလာတယ်နော်"
မောင့် အမေးကြောင့် မြတ်နိုး မောင့်ကို ပြုံးပြလိုက်ပြီး
"တောင်းပန်ပါတယ် မောင်၊ မောင့်ကို နာကျင်အောင် လုပ်ခဲ့မိလို့"
"ဒီနားတိုး"
သူ့ဘေးကို ပုတ်ပြသဖြင့် မောင့်ဘေးတွင် မြတ်နိုးဝင်ထိုင်လိုက်မိလေသည်။
"ဘာလုပ်တာလဲ အဲ့တာ"
ပါးကို ဖောင်းပြီး လက်ညှိုးထိုးပြလေတော့ မြတ်နိုး အမြင်ကပ်စွာဖြင့်
"လူနာက လူနာလို နေ၊ ဟွန့်"
"ဖြစ်တာက လက်လေ၊ ကျန်တာ ဘာမှ ဖြစ်တာမှ မဟုတ်တာ"
"အို မသိဘူး ဖယ်"
"အို အမေ့"
ရုန်းဖယ်ကာ သူ့ အနားက ထထွက်သွားတော့မည် ကောင်မလေးကို လှမ်းဆွဲလိုက်တော့ သူ့ရင်ဘက်ပေါ် ပြိုလဲကျလာလေတော့သည်။
"ဖယ်ကွာ ဆေးရုံမှာ မြင်မကောင်းဘူး"
"ဘာမှမလုပ်ဘူး၊ ဒီအတိုင်းနေ ၊ အတိုးချပြီး မောင့်မိန်းမလေးကို လွမ်းချင်လို့"
"သွားပါ အပိုတွေ"
ရှက်ပြုံးလေးနှင့် သူ့ရင်ခွင်ထဲ မျက်နှာအပ်ကာ ပုန်းသွားသော ကောင်မလေးကို ချစ်မြတ်နိုးခြင်းများစွာဖြင့်~~~~။
🥀🥀🥀"မေမေ ကိုကိုက လာမှာပါနော်"
သတိုးသမီး ဝတ်စုံအပြည့်ဖြင့် အလှကြီးလှနေသော ပျိုခင် စကားကြောင့် ဒေါ်ရူပါ ပြုံးလိုက်ပြီး
"လာမှာပါ သမီးရယ်၊ မလာရင် သူ့ဘာဖြစ်သွားမလဲ သိစေရမယ်"
မနေ့ကတည်း မင်္ဂလာပွဲကို မလာမဖြစ်လာခဲ့ရန် ထက်မြတ်အား ဒေါ်ရူပါ ပြောခဲ့ပြီးသားပင်။ မလာခဲ့လေလျှင် မြတ်နိုးမေကိုပင် အပြတ်ရှင်းမည့် အကြောင်း ထက်မြတ်ကို သတိပေးထားပြီးသားပင်။
ထိုအတွက်ကြောင့် ထက်မြတ်ရောက်လာမည်ကို သူမ သိနေသလို ပျိုခင်ကို မဖြစ်မနေယူရမည်ကိုပင် ပြောထားပြီးသားပင်။ ထိုအတွက်ကြောင့် ဘယ်လိုနည်းနှင့်ပင်ဖြစ်ဖြစ် သူမ အနိုင်ရမှာက သေချာနေလေသည်။ ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်မိသည့်က ဒေါ်ရူပါပင်။
YOU ARE READING
မောင့်မူပိုင်ဇနီး
Romanceကလေးလိုချင်တဲ့ မောင် နဲ့ ကလေးမရနိုင်တဲ့ မြတ်နိုး တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း